အီရတ်စစ်သွေးကြွတွေကို ကန် လေကြောင်းတိုက်ခိုက်

ဓာတ်ပုံ မူပိုင် bbc
Image caption လေကြောင်း တိုက်ခိုက်မှု မြေပုံ

အီရတ် နိုင်ငံ မြောက်ပိုင်းက မြို့တွေကို သိမ်းယူထားတဲ့ အစ္စလာမစ် စစ်သွေးကြွတွေ အပေါ် အမေရိကန်က လေကြောင်း တိုက်ခိုက်မှု စတင် လိုက်ပါတယ်။

စစ်သွေးကြွတွေ သိမ်းပိုက်ထားတဲ့ အီရတ် မြောက်ပိုင်း အာဘီ Irbil မြို့က အမြောက်တွေကို အမေရိကန် လေတပ်က တိုက်ခိုက်ခဲ့တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ပြောပါတယ်။ အဲဒီ အမြောက်တွေကို စစ်သွေးကြွတွေက ကာ့ဒ် တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ခိုက်ရာမှာ အသုံးပြုနေခဲ့တာ ဖြစ်ပါတယ်။

လေကြောင်းကနေ တိုက်ခိုက်ဖို့ သမ္မတ အိုဘားမားက ကြာသပတေးနေ့က ခွင့်ပြုပေးခဲ့တာ ဖြစ်ပြီး အမေရိကန် တပ်ဖွဲ့တွေကိုတော့ အီရတ် နိုင်ငံထဲကို ပြန်လွှတ်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ၄၈ နာရီအတွင်း အီရတ် မြောက်ပိုင်း မြို့တွေကနေ ယာဇီဒီတွေနဲ့ ခရစ်ယာန်တွေ စုစုပေါင်း ၂သိန်းလောက် အိုးအိမ်စွန့် ပြေးခဲ့ကြရပြီး အဲဒီ ဒုက္ခသည်တွေအတွက် အစားအသောက်နဲ့ အထောက်အပံ့ ပစ္စည်းတွေကို အမေရိကန်က လေကြောင်းကနေ ကြဲချပေးခဲ့ပါတယ်။

အရင်က အိုက်ဇက် Isis လို့ ခေါ်ပြီ၊ အခု Is အိုက်အက်စ် လို့ အမည်ပြောင်းထားတဲ့ ဆွန်နီ စစ်သွေးကြွတွေဟာ ဇွန်လက စတင်ပြီး အီရတ် မြောက်ပိုင်းက မြို့တွေ အတော်များများကို ဆက်တိုက် သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ