အီဘိုလာ၊ ကမ္ဘာ့ အရေးပေါ် အခြေအနေ ကြေညာ

ဓာတ်ပုံ မူပိုင် epa
Image caption အီဘိုလာကြောင့် သေဆုံးသူ တစ်ထောင် နီးပါး ရှိသွားပြီ

အာဖရိက တိုက်မှာ အီဘိုလာ ရောဂါ ပျံ့နှံ့ ကူးစက်နေမှုဟာ တစ်ကမ္ဘာလုံးနဲ့ ဆိုင်တဲ့ ကျန်မာရေး ဆိုင်ရာ အရေးပေါ် အခြေအနေ ဖြစ်ကြောင်း WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ကြေညာလိုက်ပါတယ်။

အဲဒီ ကြေညာချက်မှာ ရောဂါ ရှိသူတွေ၊ ရောဂါရှင်တွေနဲ့ ထိတွေ့ဖူးသူ တွေကို ခရီးသွားလာခွင့် မပြုဖို့ အပါအဝင် ကိုင်တွယ် ဆောင်ရွက်ရမယ့် နည်းလမ်း တွေကိုလည်း WHO က ထုတ်ပြန်ခဲ့ပါတယ်။

သက်ဆိုင်ရာ နယ်မြေ အသီးသီးမှာလည်း ကျန်းမာရေး ဆိုင်ရာ လုပ်ဆောင်မှုတွေကို ပိုမို ကျယ်ကျယ်ပြန့်ပြန့် အလေးထား တုံ့ပြန် ဆောင်ရွက်ကြဖို့လည်း ကျန်းမာရေး အဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။

ကိုယ်တိုင် ထိန်းချုပ် လုပ်ဆောင်နိုင်ခြင်း မရှိတဲ့ အီဘိုလာ ရောဂါ ဖြစ်ပွားနေတဲ့ နိုင်ငံတွေ အတွက် နိုင်ငံတကာက ပါဝင်ပြီး ညှိနှိုင်း ဆောင်ရွက်ဖို့ လိုတယ်လို့ လည်း WHO ညွှန်ကြားရေးမှူးချုပ် Margaret Chan က ပြောပါတယ်။

အာဖရိကတိုက် အနောက်ပိုင်းက ဂီနီ၊ လိုင်ဘေးရီးယား၊ ဆီယာရာ လီယွန်းနဲ့ နိုင်ဂျီးရီးယား နိုင်ငံတို့မှာ အီဘိုလာ ရောဂါကြောင့် သေဆုံးသူ တစ်ထောင် နီးပါးရှိသွားပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ