နိုင်ဂျီးရီးယားမှာ အရေးပေါ်အခြေအနေ ကြေညာ

  • 9 ဩဂုတ် 2014
goodluck_jonathan ဓာတ်ပုံ မူပိုင် AP
Image caption နိုင်ဂျီးရီးယား သမ္မတ ဂွဒ်လပ်ခ် ဂျွန်နသန်

နိုင်ဂျီးရီးယားမှာ၊ အီဘိုလာ ဗိုင်းရပ်စပ်၊ ကူးစက် ပျံ့နှံ့လာတဲ့ အန္တရာယ် တွေ့ကြုံ လာရတဲ့ အတွက်၊ သမ္မတ ဂွဒ်လပ်ခ် ဂျွန်နသန် က၊ အရေးပေါ် အခြေအနေ ကြေညာ လိုက်ပါတယ်။ ကူးစက်မှုကို ထိန်းချူပ်နိုင်အောင်၊ ဒေါ်လာ ၁၁ သန်း မတည် သုံးစွဲမယ်လို့ လည်း ဆိုပါတယ်။

နိုင်ဂျီးရီးယားက ကူးစက်ရောဂါ ထိန်းချူပ်ရေးမှာ အတွေ့အကြုံ ရင့်ကျက်တဲ့ Dr Chikwe Ihekweazu က၊ လက်ရှိကြုံတွေ့ နေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နိုင်ဂျီးရီးမှာ အခု လောလောဆယ်၊ စိုးရိမ်မှုတွေ အများအပြား ဖြစ်ပေါ်နေပြီး၊ ကောလဟာလတွေလည်း ပြန့်နှံ့ နေကြောင်းနဲ့၊ ကျန်းမာရေးပိုင်းကို ဦးဆောင်နေသူတွေ အနေနဲ့၊ ပြည်သူ အပေါ် သတင်းအမှန် တွေ ထုတ်ပြန်ပေး ဖို့၊ လိုအပ်ပါတယ် ဆိုပြီး၊ ပြောပါတယ်။

အာဖရိက အနောက်ခြမ်း နိုင်ငံတွေမှာ အီဘိုလာ ကူးစက် ခံနေရတဲ့ အတွက်၊ သေဆုံးသူ ၉၆၁ ဦး ရှိသွားပြီ လို့၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ