တောင်ဆူဒန်က ဒုက္ခသည်တွေ အခြေအနေ ဆိုးဝါး

  • 9 ဩဂုတ် 2014
south_sudan-_msf_loods_ ဓာတ်ပုံ မူပိုင် AFP
Image caption တောင်ဆူဒန်က ကလေးသူငယ်

တောင်ဆူဒန် နိုင်ငံက ဒုက္ခသည် စခန်းမှာ၊ ခိုလှုံနေရတဲ့ လူ လေးထောင်ဟာ၊ အင်မတန် ဆိုးရွားလှတဲ့ အခြေအနေ တွေ မှာ၊ နေထိုင် နေကြရတာ ဖြစ်တယ် လို့၊ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ MSF က၊ ပြောလိုက်ပါ တယ်။

ဘဲန်တူး လို့ ခေါ်တဲ့ အရပ်မှာ ရှိတဲ့ ဒုက္ခသည်စခန်းက လူတွေဟာ၊ ရေဆိုးရေပုပ်တွေ ဒူးလောက်နက်တဲ့ နေရာမှာ နေနေကြရတာ ဖြစ်တယ် လို့ ဆိုပါတယ်။

သူတို့ဟာ ကလေးတွေ ကို ပွေ့ချီရင်း မတ်တပ် အိပ်နေရတယ် လို့ MSF အဖွဲ့က ပြောနေပါတယ်။

အဆိုပါ ဒုက္ခသည်တွေဟာ၊ အစိုးရနဲ့ သူပုန်တပ်တွေ အကြား တိုက်ပွဲတွေက နေ၊ ထွက်ပြေး လာကြရသူ တွေ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ