အီရတ်မှာ ဆက်တိုက်မယ်လို့ အိုဘားမား ပြော

  • 9 ဩဂုတ် 2014
obama_statement_on_iraq_crisis ဓာတ်ပုံ မူပိုင် AFP
Image caption အီရတ် အရေးနဲ့ ပတ်သက်ပြီး သမ္မတ အိုဘားမား ပြောကြားစဉ်

အီရတ်နိုင်ငံ မြောက်ပိုင်းမှာ၊ ဆွန်နီ အစွန်းရောက် သူပုန်တွေကို၊ အမေရိကန်က စစ်ရေးအရ အရေးယူ တိုက်ခိုက်လာမှု ဟာ၊ လပေါင်းများစွာ ဆက်လက် ကြာမြင့်ကောင်း ကြာမြင့် လာနိုင်တယ် ဆိုပြီး၊ အမေရိကန် သမ္မတ အိုဘားမားက ပြောလိုက်ပါ တယ်။

ရုပ်မြင်သံကြားကနေ တဆင့် ပြောကြားခဲ့တဲ့၊ သမ္မတ အိုဘားမားရဲ့ မိန့်ခွန်းထဲမှာ၊ လိုအပ်လာရင် အီရတ် မြောက်ပိုင်းက စွန်နီ သူပုန်တွေကို၊ အမေရိကန် စစ်တပ်က၊ လေကြောင်းကနေ တိုက်ခိုက်မှုတွေ ဆက်လက် ပြုလုပ် သွားမယ် လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့်၊ စုစု စည်းစည်းစည်း နဲ့ ခိုင်မာတောင့်တင်း တဲ့ အီရတ်အစိုးရ ရှိပါမှ၊ အစ္စလာမ်မစ် နိုင်ငံတော် ကြေညာထား တဲ့ အဲဒီ့ သူပုန်တွေ ကို အပြီးတိုင် နှိမ်နှင်းနိုင် မှာ ဖြစ်တယ်လို့ လည်း၊ မစ္စတာ အိုဘားမားက ဆိုပါ တယ်။

တခါ၊ အဆိုပါ သူပုန်တွေရန် ကြောင့်၊ အီရတ်မြောက်ပိုင်း စင်ဂျာ တောင်ပေါ်မှာ ပိတ်မိနေကြ တဲ့၊ ထောင်နဲ့ချီတဲ့ ယက်ဇီဒီ လူနည်းစုတွေ ကို၊ အမေရိကန် ပြည်ထောင်စု က၊ အကူညီတွေ ပေးနိုင်ဖို့၊ ဆက်လက် အားထုတ် သွားမယ် လို့ လည်း၊ သမ္မတ အိုဘားမားက ပြောပါတယ်။

ဒုက္ခသည်တွေ ပိတ်မိနေတဲ့ အရပ်တွေမှာ၊ အမေရိကန်နဲ့ ဗြိတိန် လေယာဉ်တွေက၊ ထောက်ပံ့ရေး ပစ္စည်းတွေ ချပေးနေပါတယ်။ ဒါပေမယ့်၊ အခုလို ထောက်ပံ့ရေး ပစ္စည်းတွေ ချပေးတာ သက်သက်ဟာ၊ ပြဿနာကို ရေရှည် သဘော ဖြေရှင်းနိုင်မှာ မဟုတ်တဲ့ အကြောင်း၊ ဗြိတိန်နဲ့ အမေရိကန် ခေါင်းဆောင်တွေ သဘောတူကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ