အီရတ်ဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေးပစ္စည်းတွေချပေး

  • 9 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် AP
Image caption အီရတ်စစ်ပြေး ဒုက္ခသည်တွေ

အီရတ်မြောက်ပိုင်း တောင်ထူထပ်ရာဒေသမှာ ပိတ်မိနေတဲ့ ယာဇီဒီ ဒုက္ခသည်တွေအတွက် အဓိက အစားအစာနဲ့ သောက်ရေတွေ အပါအဝင်ကယ်ဆယ်ရေး ပစ္စည်းတွေကို အမေရိကန်စစ်လေယာဉ်တွေက ဒုတိယအကြိမ် ချပေးနေပါတယ်။

သူတို့ဟာ ဂျီဟတ်ဒစ်တွေရှေ့တိုးတိုက်ခိုက်လာတာကြောင့် အိုးအိမ်စွန့် ထွက်ပြေးခဲ့ကြသူတွေ ဖြစ်ပါတယ်။

ကယ်ဆယ်ရေးပစ္စည်းတွေ ရောက်နိုင်အောင် ဒုက္ခသည်တွေ တောင်ပေါ်ကနေ ဘေးကင်းတဲ့ နေရာကို ရောက်ဖို့ အရေးကြီးတယ်လို့ Irbil မှာ ရှိတဲ့ ကုလသမဂ္ဂကလေးသူငယ်များ ဆိုင်ရာ အေဂျင်စီက ပြောပါတယ်။

အခုအချိန်ထိ သေဆုံးတဲ့ ကလေးငယ် ၅၀ လောက်ရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

အမေရိကန်တို့ရဲ့ လေကြောင်းကနေ ကယ်ဆယ်ရေးပစ္စည်းတွေ ချပေးနေတဲ့ အစီအစဉ်မှာ အခု နောက်ဆုံး သြစတြေးလျနိုင်ငံ လည်း ပါဝင်လာခဲ့ပါတယ်။