ဆူနီဂျီဟတ်ဒစ်တွေကို အစ္စလမ်မစ်နိုင်ငံ ထူထောင်ခွင့်မပြုလို့ အိုဘားမားပြော

  • 9 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် Getty

ဆီရီးယားနဲ့ အီရတ်မှာ ဆူနီဂျီဟတ်ဒစ်တွေ သီးခြားအစ္စလမ်မစ်နိုင်ငံတခု ထူထောင်တာကို သူခွင့်မပြုနိုင်ဘူးလို့ အမေရိကန်သမ္မတ အိုဘားမားက ပြောလိုက်ပါတယ်။

ဒီလို အစ္စလမ်မစ်နိုင်ငံထူထောင်ဖို့ ကြိုးစားနေကြတဲ့ စစ်သွေးကြွတွေကို အမေရိကန် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီးတဲ့နောက် နယူးယောက်တိုင်း သတင်းစာကို အိုဘားမားက ပြောခဲ့တာပါ။

လေကြောင်းတိုက်ခိုက်မှုကို လိုအပ်ရင် လိုအပ်သလို တိုးလုပ်မယ်လို့ ဆိုပါတယ်။

အစ္စလမ်မစ်နိုင်ငံထူထောင်ဖို့ ကြိုးစားနေကြတဲ့အုပ်စုကို ရှေ့ဆက်မတိုးနိုင်အောင် တားဆီးဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ စစ်ရေး မဟာဗျူဟာအရ ဆောင်ရွက်နေသလို လေကြောင်းတိုက်ခိုက်မှုတွေဟာ ဘာသာရေးလူနည်းစုတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဖြစ်နိုင်တဲ့ အလားအလာကို ကာကွယ်တာလို့ သမ္မတအိုဘားမားက ပြောပါတယ်။

အိုဘားမားရဲ့ အပတ်စဉ် ရေဒီယို မိန့်ခွန်းထဲမှာလည်း ဂျီဟတ်ဒစ်တွေဟာ အမျိုးသမီးတွေကို ကျေးကျွန်သဖွယ် ပြုမူနေပြီး ယာဇီဒီ ဘာသာရေး လူနည်းစု မျိုးတုန်းအောင် စနစ်တကျ ဖျက်ဆီးအန္တရာယ်ပြုနေတယ်လို့ သူက ဖေါ်ပြခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ