အီရန် ခရီးသည်တင် လေယာဉ် ပျက်ကျ

  • 10 ဩဂုတ် 2014
အီရန်မှာခရီးသည်တင် လေယာဉ်ပျက်ကျ ဓာတ်ပုံ မူပိုင် AFP
Image caption ဒဏ်ရာရ ခရီး သည် တွေကို ဆေးရုံကို ခေါ်ဆောင် သွား တယ်လို့ လည်း ဆိုပါတယ်

အီရန် ခရီးသည်တင် လေယာဉ်ငယ် တစီး ပျက်ကျလို့ လူပေါင်း အနည်းဆုံး ၃၈ ယောက် သေဆုံး တယ်လို့ အီရန် နိုင်ငံပိုင် ရုပ်သံ အစီ အစဉ်က ကြေညာသွား ပါတယ်။

နိုင်ငံ အရှေ့ပိုင်း တာဘက်စ် မြို့ကို လေယာဉ် ပျံသန်းစဉ် မီဟရာဘတ် လေဆိပ် အနီး လူနေ ရပ်ကွက်ပေါ် ပျက် ကျတာ ဖြစ်ပါတယ်။

လေယာဉ်ပေါ်မှာ ကလေး ၅ ဦးလည်း လိုက် ပါသွား တယ်လို့ လေကြောင်း ထိန်းသိမ်းရေး ဌာနက ပြောပါတယ်။

ကနဦး သတင်းတွေ အရ လေယာဉ် ပေါ်ပါ လူ အားလုံး သေဆုံးသွား တယ်ဆိုပေမယ့်၊ နောက်ပိုင်း အစိုးရက ထုတ်ပြန်တဲ့ သတင်းတွေ အရ တချို့ ဒဏ်ရာ ရရှိတဲ့ ခရီးသည် တွေကို ဆေးရုံကို ခေါ်ဆောင် သွားတယ်လို့ ဆိုပါတယ်။

အီရန် နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လေယာဉ် ပျက်ကျ ခဲ့မှုတွေ ဟာ လေယာဉ် သက်တမ်း ကြာလာ တာနဲ့ ပြုပြင် ထိန်းသိမ်းဖို့ အားနည်း တာတွေ ကြောင့်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၉၇၉ ခုနှစ် အစ္စလာမ်မ်စ တော်လှန်ရေး မစခင် ကတည်းက ဝယ်ထားတဲ့ လေယာဉ်တွေကို အီရန်မှာ အသုံး ပြုနေဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ