အီရတ် အစိုးရသစ် ဖွဲ့ဖို့ သမ္မတ တောင်းဆို

ဓာတ်ပုံ မူပိုင် epa
Image caption ဝန်ကြီးချုပ် အဖြစ် ရှီအာတွေဘက်က အဆိုတင်သွင်းခဲ့သူ Haider al-Abadi

အီရတ် နိုင်ငံမှာ ရှီအာ မျိုးနွယ်စု ပါတီတွေ ဘက်က အဆိုပြုတဲ့ ဝန်ကြီးချုပ်လောင်းကို အစိုးရသစ် ဖွဲ့စည်းဖို့ သမ္မတ Fuad Masoum က လွှတ်တော်မှာ တရားဝင် တောင်းဆို လိုက်ပါပြီ။

အဲဒီ ဝန်ကြီးချုပ်လောင်းက Haidr al-Abadi ဖြစ်ပြီး သူဟာ လက်ရှိ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ တာဝန်ယူ ထားသူ ဖြစ်ပါတယ်။

ရှီအာ မျိုးနွယ်စု အမျိုးသား ညွန့်ပေါင်း အုပ်စုက Haider al-Abadi ကို ဝန်ကြီးချုပ် အဖြစ် အဆို တင်သွင်း ခဲ့တာ ဖြစ်ပြီး ဒါဟာ တတိယ သက်တမ်း ထမ်းဆောင် လိုတဲ့ အိမ်စောင့် အစိုးရ ဝန်ကြီးချုပ် နိုရီ အယ်လ် မာလီကီကို စိန်ခေါ် လိုက်တာပဲ ဖြစ်ပါတယ်။

သမ္မတဟာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ဝန်ကြီးချုပ်သစ် ခန့်ဖို့ နောက်ဆုံးရက်ကို ကျော်လွန် ချိုးဖောက် နေလို့ တရားစွဲမယ် ဆိုပြီး မစ္စတာ မာလီကီက တနင်္ဂနွေ နေ့က ခြိမ်းခြောက်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ