စမ်းသပ်ဆဲ အီဘိုလာဆေး မလုံလောက်ဟု ဆို

  • 12 ဩဂုတ် 2014
_ebola_ ဓာတ်ပုံ မူပိုင် Reuters
Image caption အီဘိုလာ အတွက် စမ်းသပ်ဆဲ ဆေး

အီဘိုလာ ဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ်ကို ထိန်းချူပ် နိုင်အောင် အသုံးပြုနေကြ တဲ့ စမ်းသပ်ဆဲ ဆေးဝါးကို ထုတ်လုပ်ခဲ့တဲ့ အမေရိကန် ကုမ္မဏီ ရဲ့ သတိပေးမှု အရ၊ အဆိုပါ ဆေးကို စမ်းသပ်ဖို့ ရည်ရွယ်ချက် နဲ့ ပမာဏ အနည်းငယ်သာ ထုတ်လုပ်ထားတာ ဖြစ်ကြောင်း သိရပါတယ်။

အနောက်အာဖရိကမှာ ဖြစ်ပေါ်နေတဲ့ လူထောင်ကျော် သေဆုံးလောက်အောင် ကူးစက်နေတဲ့ အခြေအနေကို ထိန်းချူပ်ဖို့ လုံလောက်တဲ့ ပမာဏ ရဖို့ ဆိုရင် လပေါင်းများစွာ ကြာမြင့် နိုင်တယ်လို့ လည်း ဆိုပါတယ်။

ကုမ္မဏီက ထုတ်လုပ် ထားနှင့်ပြီး လက်ကျန် ဆေးတွေကို၊ လိုင်ဘေးရီးယား နိုင်ငံကို ပို့ဆောင် လိုက်ပြီ ဖြစ်ပါတယ်။ အီဘိုလာ ရောဂါသည်တွေကို စောင့်ရှောက် ပေးရင်းသား၊ ကိုယ်တိုင် ကူးစက် ခံခဲ့ရတဲ့ ဆရာဝန် ၂ ဦးကို ကုသပေး ဖို့ ဖြစ်ပါတယ်။

ကနေဒါ ဓာတ်ခွဲခန်းတွေ ကနေလည်း၊ အီဘိုလာ ကုသဆေး တွေ ထုတ်လုပ်ဖို့၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO နဲ့ စကားပြောနေတယ် လို့၊ ကနေဒါ အာဏာပိုင်တွေက ပြောပါတယ်။

လူသားတွေ နဲ့ စမ်းသပ်ခြင်းပင် မပြုရသေးတဲ့ အဆိုပါ ဆေးဝါးကို၊ လောလောဆယ် ကြုံတွေနေရတဲ့ အီဘိုလာ အန္တရာယ်ကို ဖြေရှင်းနိုင်ဖို့ရာ အသုံးပြုကြဖို့၊ အင်္ဂါနေ့က ဂျနီဗာမှာ ပြုလုပ်ခဲ့တဲ့၊ ကျန်းမာရေး ဆိုင်ရာ ကျွမ်းကျင်သူတွေ အစည်းအဝေးကနေ သဘောတူ ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ