ရော်ဘင်ဝီလျံကို အနုပညာရှင်တွေ အမှတ်ရ ဂုဏ်ပြု

  • 12 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် AP
Image caption Hollywood Walk of Fame မှာ သူ့အတွက် အမှတ်ရ နေရာ လုပ်ထားစဉ်။

တနင်္လာနေ့က ၆၃ နှစ် အရွယ်မှာ သေဆုံးသွားတဲ့ နာမည်ကျော် အမေရိကန် ရုပ်ရှင်မင်းသား ဟာသ သရုပ်ဆောင် ရော်ဘင်ဝီလျံ ကို ကမ္ဘာတဝန်းက အနုပညာရှင်တွေက အမှတ်ရ ဂုဏ်ပြု စကားတွေ ပြောခဲ့ကြပါတယ်။

ရော်ဘင် ဝီလျံဟာ ကယ်လီဖိုးနီးယားက သူ့နေအိမ်မှာ သူ့ကိုယ်သူ အဆုံး စီရင်သွားတာလို့ ရဲက ပြောပါတယ်။

သူဟာ စိတ်ကျ ဝေဒနာကို ခံစားနေရပြီး အရက်နဲ့ မူးယစ်ဆေးလည်း စွဲနေခဲ့တယ်လို့ သိရပါတယ်။

ဒါရိုက်တာ စတီဗင် စပီးလ်ဘာ့ဂ်က ရော်ဘင်ဝီလျံဟာ ဟာသဘက်မှာ ပါရမီထူးသူလို့ ပြောပါတယ်။

မင်းသား မဲလ်ဂစ်ဘ်ဆင် ကလည်း ရော်ဘင်ဝီလျံဟာ အကြင်နာတရား ပြည့်ဝသူ ဖြစ်ပြီး သူလုပ်သမျှကို အဆင့်အမြင့်ဆုံး လုပ်တတ်သူလို့ ပြောသွားပါတယ်။

သမ္မတ အိုဘားမားကလည်း ရော်ဘင်ဝီလျံဟာ လူတွေရဲ့ စိတ်ကို နည်းလမ်းစုံနဲ့ ညှို့ယူ ဖမ်းစားနိုင်ခဲ့သူ ဖြစ်တယ်လို့ ဂုဏ်ပြုပြောခဲ့ပါတယ်။

ရော်ဘင် ဝီလျံဟာ Good Morning Vietnam, Dead Poet's Society တို့လို ရုပ်ရှင်ကားတွေနဲ့ နာမည်ကျော်ခဲ့သူ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ