ယူကရိန်း အတွက် အကူပစ္စည်းတွေ ရုရှား ပို့ပေးနေ

  • 12 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် AP
Image caption မော်စကိုကနေ ထွက်ခွာလာတဲ့ ထရပ်ကားတွေ

ယူကရိန်း အရှေ့ပိုင်းက သူပုန်တွေ ထိန်းချုပ်ထားရာ ဒေသတွေမှာ ရှိတဲ့ ပြည်သူတွေအတွက် ရုရှားက အထောက်အပံ့ ပစ္စည်းတွေ ပေးပို့ဖို့ ယူကရိန်း အစိုးရနဲ့ သဘောတူညီ ခဲ့ပြီးနောက် အခုအခါ အစားအစာနဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကို ထရပ်ကား ၃၀၀ နဲ့ ရုရှားက စတင် ပို့ပေးနေပါတယ်။

ယူကရိန်း နယ်စပ်ကို ရောက်ရင် ဒီ ပစ္စည်းတွေကို နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ဆီကို လွှဲပေးမှာ ဖြစ်တယ်လို့ ရုရှား မီဒီယာက ပြောပါတယ်။

ဒီပစ္စည်းတွေကို နယ်စပ်မှာ လုံခြုံရေး စစ်ဆေးဖို့ ယူကရိန်း အစိုးရ ထိန်းချုပ်တဲ့ နယ်စပ် စစ်ဆေးရေး ဂိတ်ကနေ ဖြတ်သန်းရမှာ ဖြစ်တယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီနောက် ကြက်ခြေနီ အဖွဲ့က ဒီ ထောက်ပံ့ရေး ပစ္စည်းတွေကို လူဟန့်စ် ဒေသမှာ တိုက်ပွဲတွေ အတွင်း ပိတ်မိနေတဲ့ အရပ်သားတွေဆီ ဝေပေးမှာ ဖြစ်ပါတယ်။

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးLaurent Fabius ကတော့ ဒီလို လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးဝေတာကို ရုရှားက ဗန်းပြပြီး ယူကရိန်း နယ်မြေထဲ ဝင်ရောက်ဖို့ ကြိုးစားတာမျိုး မဖြစ်အောင် သတိထား သင့်တယ်လို့ သတိပေးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ