ဖယ်ရီနစ်ချိန် ကမ်းစောင့်တပ်မှာ ကိရိယာ မစုံခဲ့ဟုဆို

ဓာတ်ပုံ မူပိုင် AFP
Image caption သင်္ဘော အထဲ ဝင်ဖို့ ကမ်းခြေစောင့်တပ်မှာ ကိရိယာ မစုံလင်ခဲ့ဟု ဆို

တောင်ကိုရီးယား နိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီလက နစ်မြုပ်သွားတဲ့ Sewol ခရီးသည်တင် သင်္ဘောကို ကယ်ဆယ်ဖို့ စေလွှတ် ခံခဲ့ရတဲ့ ကမ်းခြေစောင့် တပ်ဖွဲ့ဝင်တွေက သင်္ဘော အထဲကို ဝင်ဖို့ သူတို့မှာ သင့်တော်တဲ့ ကိရိယာတွေ မရှိခဲ့သလို သင်္ဘောအထဲ ဝင်ပြီး ခရီးသည်တွေကို ကယ်ဖို့ သူတို့ကို လေ့ကျင့် ပေးထားတာမျိုးလည်း မရှိခဲ့ဘူးလို့ ပြောကြပါတယ်။

နစ်မြုပ်သွားတဲ့ သင်္ဘောရဲ့ ကပ္ပတိန်နဲ့ အဖွဲ့သားတွေ အမှု ရင်ဆိုင်နေရတဲ့ တရားရုံးမှာ သူတို့က လာရောက် အစစ်ခံရင်း အခုလို ထွက်ဆို ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ Sewol သင်္ဘာ နစ်မြုပ်မှုမှာ ကျောင်းသားလေးတွေ အများစု ပါဝင်တဲ့ လူ ၃၀၀ လောက် အသက်ဆုံးခဲ့ပါတယ်။

ကမ်းခြေစောင့်တပ် အရာရှိ တယောက်က သူတို့ သင်္ဘောဆီ ရောက်ချိန်မှာ သင်္ဘောထဲမှာ ခရီးသည် အများစု ပိတ်မိနေတုန်း ဆိုတာ မသိခဲ့ပါဘူးလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ