ဂါဇာအရေး ဆွေးနွေးမှု အဖြေ မတွေ့သေး

  • 13 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် AP
Image caption အစ္စရေးတို့ ဗုံးဒဏ်ကြောင့် ဂါဇာက အပျက်အစီး အချို့ မြင်ကွင်း

ဂါဇာ ဒေသမှာ ၃ ရက်ကြာ အပစ်ရပ်စဲရေး ကာလဟာ ဒီည သန်းခေါင်အချိန်မှာ ပြည့်တော့မှာ ဖြစ်ပေမယ့် အစ္စရေးနဲ့ ပါလက်စတိုင်း တို့ကြား ဆွေးနွေးမှုတွေမှာ ရေရှည် အပစ်ရပ်ရေး အတွက် တစုံတရာ သဘောတူညီချက် အခုချိန်ထိ မရကြသေးဘဲ ဖြစ်နေပါတယ်။

တလကျော် ကြာနေပြီ ဖြစ်တဲ့ ဂါဇာ ပဋိပက္ခအတွက် ရေရှည် အဖြေ တစ်ရပ် ရဖို့ ကိုင်ရို မြို့တော်မှာ အီဂျစ် အရာရှိတွေက တဆင့် ညှိနှိုင်း ဆွေးနွေးနေကြတာ ဖြစ်ပေမယ့် အဖြေထွက်ဖို့ ခက်ခဲနေကြောင်း နှစ်ဘက် ကိုယ်စားလှယ်တွေက ပြောကြပါတယ်။

ဂါဇာမှာ ၂၀၀၆ ခုနှစ် ကတည်းက အစ္စရေးတို့ စီးပွားရေး ပိတ်ဆို့ထားမှုကို ဟားမားစ်တို့ ဘက်က ပယ်ဖျက်ပေး စေချင်သလို အစ္စရေး ဘက်ကလည်း ဟားမား အဖွဲ့ကို လုံးဝ လက်နက် စွန့်လွှတ် စေချင်နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ