ကာ့ဒ်တွေကို ပြင်သစ်က လက်နက် ထောက်ပံ့မယ်

  • 13 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် epa
Image caption IS စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ ကာ့ဒ်လူမျိုးတွေ

အီရတ် မြောက်ပိုင်းမှာ ဂျီဟတ် ဝါဒီ စစ်သွေးကြွတွေရဲ့ ထိုးစစ်ကို ရပ်တန့်စေဖို့နဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေး နေကြရတဲ့ သောင်းနဲ့ချီတဲ့ အရပ်သားတွေကို ကယ်ဆယ်ဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်း ဆောင်ရွက်မှုတွေ တိုးမြှင့် လုပ်ဆောင်နေပါတယ်။

ပြင်သစ် သမ္မတ Francois Hollande က သူ့ အစိုးရ အနေနဲ့ စစ်သွေးကြွ အဖွဲ့ ဖြစ်တဲ့ Islamic State အဖွဲ့ကို ခုခံ တိုက်ခိုက်နေတဲ့ အီရတ်နိုင်ငံက Kurds လူမျိုးတွေကို လာမယ့် နာရီပိုင်း အတွင်း လက်နက်တွေ ထောက်ပံ့ သွားမယ်လို့ ပြောလိုက်ပါတယ်။

စစ်သွေးကြွ တွေရဲ့ ဝိုင်းရံ ပိတ်ဆို့မှုကို ခံနေရတဲ့ ခန့်မှန်းခြေ ၃ သောင်းလောက် ရှိမယ့် ယာဇီဒီ လူမျိုးတွေကို ကယ်ထုတ်နိုင်ရေး နည်းလမ်းရှာဖို့ အမေရိကန် စစ်တပ် အရာရှိ ၁၃၀ လောက်က အီရတ် မြောက်ပိုင်းကို ရောက်ရှိနေပါတယ်။

အဲဒီက အခြေအနေကို မြန်မြန်ဆန်ဆန်နဲ့ အရေးတကြီး လေ့လာ ဆန်းစစ်မှုတွေ ပြုလုပ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ