ဆီးရီးယား မြို့ရွာ အချို့ IS စစ်သွေးကြွတွေ ထပ်သိမ်း

  • 13 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption မြောက်ပိုင်းက Raqqa မြို့ကို IS အဖွဲ့က ဌာနချုပ် လုပ်ထား

ဆီးရီးယား နိုင်ငံ မြောက်ပိုင်း အလက်ပို ပြည်နယ်က မြို့ရွာ အတော်များများကို Islamic State အဖွဲ့ဝင် စစ်သွေးကြွတွေက သိမ်းပိုက် လိုက်ပြီလို့ ဆီးရီးယား နိုင်ငံက လာတဲ့ သတင်းတွေ အရ သိရပါတယ်။

အလက်ပိုမြို့ အရှေ့မြောက်ဘက် မိုင် ၃၀ လောက်မှာ ရှိတဲ့ Akhtarin မြို့ကိုလည်း ဆီးရီးယား သူပုန်တွေ လက်ထဲကနေ IS စစ်သွေးကြွတွေက သိမ်းပိုက် လိုက်တယ်လို့ သိရပါတယ်။

ဒီလို သိမ်းပိုက်တာ တကယ် မှန်ရင် IS စစ်သွေးကြွတွေ အနေနဲ့ အနောက်ဘက်ကို သိသိသာသာ ချဲ့ထွင် လာနိုင်တာ ဖြစ်ပြီး၊ အလက်ပို မြို့ကို ပေးပို့နေတဲ့ ဆီးရီးယား သူပုန်တွေရဲ့ ထောက်ပံ့ရေး လမ်းကြောင်းကို ထိခိုက် သွားနိုင်တယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

IS အဖွဲ့ဟာ ၂၀၁၃ ခုနှစ် ကတည်းက စပြီး ဆီးရီးယား နယ်မြေတွေကို သိမ်းပိုက် လာခဲ့ရာမှာ ပြီးခဲ့တဲ့ လမှာ မြောက်ပိုင်းက Raqqa မြို့ကို သိမ်းပိုက် နိုင်ခဲ့ပြီး နောက်ပိုင်း အဲဒီ မြို့ကို သူတို့ ဌာနချုပ်အဖြစ် ခြေကုပ် ယူထားခဲ့ပါတယ်။

IS စစ်သွေးကြွ အဖွဲ့ဟာ အီရတ်က နယ်မြေ အတော်များများကိုလည်း သိမ်းပိုက် ထားနိုင်ပြီး အစ္စလာမ္မစ် နိုင်ငံ ထူထောင်မယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ