ယာဇီဒီတွေကို ကယ်ထုတ်ဖို့ မဖြစ်နိုင်တော့ဟု ဆို

  • 14 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption အီရတ် ဆီးရီးယား နယ်စပ်ကို ထွက်ပြေးလာတဲ့ ယာဇီဒီ မိသားစု

အီရတ် မြောက်ပိုင်းက ယာဇီဒီ ဒုက္ခသည် တွေဆီ ကယ်ဆယ်ရေး အဖွဲ့တွေ စေလွှတ်ဖို့ အလားအလာ နည်းသွားပြီလို့ အမေရိကန် အစိုးရက ပြောပါတယ်။

ဆင်ဂျာ တောင်မှာ ပိတ်မိ နေတဲ့ ဒုက္ခသည် အရေအတွက်က ထင်ထားတာထက် ပိုနည်း သွားပြီလို့ ပင်တာဂွန် စစ်ဌာနချုပ်က ဆိုပါတယ်။

ပိတ်မိ နေသူတွေဟာလည်း အစာရေစာ ရရှိ နေဆဲ ဖြစ်ပြီး ထင်တာထက် အခြေအနေ ကောင်းတယ်လို့ ဆင်ဂျာ တောင်ပေါ်ကို လွှတ် လိုက်တဲ့ အမေရိကန် ကယ်ဆယ်ရေး အဖွဲ့က တွေ့ရှိခဲ့ကြောင်းလည်း ပြောပါတယ်။

ဒါပေမယ့် ထွက်ပြေး လွတ်မြောက်လာတဲ့ ဒုက္ခသည် ထောင်ပေါင်း များစွာ အတွက်တော့ အကူအညီ ပေးရေး ဆောင်ရွက်မှုတွေက ခုမှ အစပဲ ရှိသေးတယ်လို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ