ပုပ်ရဟန်းမင်း တောင်ကိုရီးယားကို သွားရောက်

  • 14 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် epa
Image caption ကက်သလစ် ဘာသာဝင် ၅ သန်းကျော်အတွက် ရောက်လာတဲ့ ပုပ်ရဟန်းမင်း

ကိုရီးယား ၂ နိုင်ငံကြား ပြန်လည် ရင်ကြားစေ့ရေး တွေ့ဆုံ ဆွေးနွေး ကြဖို့ တောင်ကိုရီးယား နိုင်ငံကို ရောက်ရှိလာတဲ့ ပုပ်ရဟန်း မင်းကြီးက ပန်ကြား လိုက်ပါတယ်။

တောင်ကိုရီးယားမှာ ရှိတဲ့ ကက်သလစ် ဘာသာဝင် ၅ သန်းကျော် အတွက် ပုပ်ရဟန်းမင်း ဖရန်ဆစ် ၅ ရက် ခရီး ကြွချီ လာတာ ဖြစ်ပါတယ်။

တရုတ်နဲ့ ဗာတီကန် ကျောင်းတော်ကြား မပြေလည်မှုတွေ လျော့ပါးရေး အတွက်လည်း ပုပ်ရဟန်း မင်းကြီးက မျှော်လင့်ကြောင်း ပြောကြား ခဲ့ပါတယ်။

ပုပ်ရဟန်းမင်းရဲ့ လေယာဉ် ကိုရီးယား ကျွန်းဆွယ်နား ရောက်လာချိန် မှာပဲ မြောက်ကိုရီးယား ဘက်က ဒုံးကျည် ၃ စင်း အရှေ့ ကမ်းရိုးတန်းကို ကျော်လွန်ပြီး ပစ်လွှတ် ခဲ့ပါတယ်။

တောင်ကိုရီးယားတို့ စစ်ရေး လေ့ကျင့်မှု လုပ်ဖို့ စီစဉ် ထားတာကို ကန့်ကွက်တဲ့ အနေနဲ့ ခုလို ပစ်ခတ်တယ်လို့ ယူဆ ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ