ဒွန်ညက်စ်မြို့လည် လက်နက်ကြီးကျည်တွေ ကျနေ

  • 14 ဩဂုတ် 2014
donetsk_shelling_aftermath ဓာတ်ပုံ မူပိုင် Reuters
Image caption ဒွန်းညက်စ်မြို့လည် လက်နက်ကြီး ကျည် ကျနေပုံ

ယူကရိန်း နိုင်ငံ အရှေ့ခြမ်း၊ ရုရှား လိုလားသူ ခွဲထွက်ရေး သူပုန်တွေ ထိန်းချူပ်ထား ရာ၊ ဒွန်းညက်စ်ခ် မြို့လည်ကို၊ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှု တွေ အပြင်းအထန် ဖြစ်ပေါ် ခဲ့ပြီးနောက်၊ လူ ၂ ယောက် သေဆုံး သွားပြီး၊ အများအပြား ဒဏ်ရာ ရခဲ့ကြပါ တယ်။

ဒွန်းညက်စ်မြို့ ကို၊ ယူကရိန်း အစိုးရတပ်တွေ က ဝိုင်းထားကြ တာ ဖြစ်ပြီး၊ သူပုန်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေကြပေ မယ့်၊ အခု ဒွန်းညက်စ် မြို့လည်မှာ ကျရောက်ခဲ့ တဲ့၊ လက်နက်ကြီး ကျည်တွေ ကို၊ ဘယ်ဘက်က ပစ်ခတ်ခဲ့တယ် ဆိုတာ ရှင်းရှင်း လင်းလင်း မသိရ သေးပါဘူး။

ဒီ အချိန်မှာပဲ၊ ယူကရိန်း အစိုးရတပ် နဲ့ သူပုန်တွေ အကြား တိုက်ပွဲတွေကြောင့်၊ ဒုက္ခ ရောက်နေကြ တဲ့၊ ယူကရိန်း အရှေ့ဘက်ခြမ်းက အရပ်သားတွေ ကို၊ ထောက်ပံ့ ကူညီမှုတွေ ပြုလုပ်နိုင်ဖို့ အတွက်၊ ယူကရိန်းနယ်ထဲ ရုရှား ယဉ်တန်းတွေ ဝင်ရောက်ခွင့် နဲ့ ပတ်သက်ပြီး၊ ကီးယက်ဗ်မှာ ရှိတဲ့၊ ယူကရိန်း အစိုးရနဲ့၊ စကား ပြောဆိုနေဆဲ ဖြစ်တယ် လို့၊ ရုရှားအစိုးရ က ဆိုပါတယ်။

ယူကရိန်း အစိုးရဘက်က လည်း၊ ဒီလို ကယ်ဆယ်ရေး ယာဉ်တန်းတွေ ဟာ၊ အစိုးရ ထိန်းချူပ်ထား တဲ့ စစ်ဆေးရေးဂိတ်တွေ ကနေသာ၊ ဖြတ်သန်းခွင့် ပြုနိုင်မှာ ဖြစ်ပြီး၊ ထောက်ပံ့ရေး ပစွည်းတွေကို၊ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကနေ တဆင့်သာ၊ ဝေငှခွင့် ပြုမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ