အမေရိကန် စစ်ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဗီယက်နမ် ရောက်ရှိ

  • 14 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ဗီယက်နမ်နဲ့ အမေရိကန် စစ်ရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ဖို့ ဆွေးနွေး

ဗီယက်နမ်ကို ရောက်ရှိနေတဲ့ အမေရိကန် ပူးတွဲ စစ်ဦးစီးချုပ် အဖွဲ့ ဥက္ကဋ္ဌ Martin Dempsey နဲ့ ဗီယက်နမ် ထိပ်သီး ခေါင်းဆောင်တွေ တွေ့ဆုံ နေပါတယ်။

ဒါဟာ ဗီယက်နမ် စစ်ပြီး နောက်ပိုင်း အဆင့်မြင့်ဆုံး အမေရိကန် စစ်အရာရှိကြီး တယောက် ဗီယက်နမ်ကို ရောက်လာတာလည်း ဖြစ်ပါတယ်။

တောင်တရုတ် ပင်လယ်က အငြင်းပွား နေတဲ့ ရေပိုင်နက်မှာ တရုတ်နဲ့ ဗီယက်နမ် ဆက်ဆံရေး တင်းမာ နေချိန်၊ အမေရိကန်နဲ့ ဗီယက်နမ် စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ဆွေးနွေး နေကြတာ ဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ သူ့ စစ်မှုထမ်း ဘဝ ရဲ့ အရေးကြီးတဲ့ ဘဝ တကွေ့ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ကြီး Dempsey က ပြောပါတယ်။

ဒါနန်းမြို့မှာ ရှိတဲ့ အမေရိကန် လေတပ် စခန်းဟောင်း ကိုလည်း ဗိုလ်ချုပ်ကြီး Dempsey သွားရောက်ဖို့ ရှိပါတယ်။

အဲဒီနေရာမှာ ဗီယက်နမ် စစ်ကာလက သစ်ရွက်ကြွေဆေးတွေ သုံးပြီး တိုက်ခိုက်ခဲ့တဲ့ အဆိပ်အတောက် အကြွင်းအကျန် တွေကို အမေရိကန် ဘက်က ဖယ်ရှား ပေးနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ