အိန္ဒိယ လွတ်လပ်ရေးနေ့မှာ မိုဒီရဲ့ ပထမဆုံး မိန့်ခွန်း

  • 15 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် epa
Image caption လွတ်လပ်ရေးနဲ့ မိန့်ခွန်းကို မိုဒီ ပထမဆုံး ပြောစဉ်။

အိန္ဒိယ နိုင်ငံ လွတ်လပ်ရေးနေ့မှာ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ပထမဆုံး အကြိမ် မိန့်ခွန်း ပြောရာမှာ လူမှုရေးနဲ့ ပတ်သက်ပြီး အလေးအနက်ထား ပြောသွားပါတယ်။

အမျိုးသမီးတွေ အပေါ် ဖိနှိပ် ဆက်ဆံမှုနဲ့ ဇာတ်နိမ့် ဇာတ်မြင့်၊ အမျိုးသမီး၊ အမျိုးသား၊ ကွဲပြားတဲ့ ဘာသာရေး ယုံကြည်မှု စတာတွေ အပေါ်မှာ အကြောင်းရှာ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ လိုပြီလို့ သူက ပြောပါတယ်။

တစ်နာရီ ကြာတဲ့ သူ့ရဲ့ မိန့်ခွန်းကို ဒေလီမြို့က ခံတပ်နီ အဆောက်အအုံမှာ ပြောခဲ့တာ ဖြစ်ပြီး ကြိုတင် ရေးထားတဲ့ မိန့်ခွန်းစာရွက် မပါသလို၊ ကျည်ကာ အရံအတားတွေလည်း တပ်ဆင် မထားခဲ့ပါဘူး။

အိန္ဒိယမှာ ဆက်တိုက် ပေါ်ပေါက်ခဲ့တဲ့ လိင်ပိုင်း ဆိုင်ရာ အမှုအခင်းတွေနဲ့ ပတ်သက်ပြီး အင်မတန် အရှက်တကွဲ ဖြစ်ရကြောင်းလည်း မစ္စတာ မိုဒီက ပြောသွားပါတယ်။

သူ့ရဲ့ မိန့်ခွန်းမှာ ထူးခြားချက် အနေနဲ့ အိမ်နီးချင်း ပါကစ္စတန် နိုင်ငံအပေါ် တိုက်ခိုက် ပြောဆိုမှုတွေ လုံးဝ မပါဝင်ခဲ့ပါဘူး။

ဒါ့အပြင် အိန္ဒိယကို ကမ္ဘာ့ ကုန်ထုတ်လုပ်ရေး အလုပ်ရုံ ဖြစ်လာစေပြီး အိန္ဒိယမှာ ပြုလုပ်သည် ဆိုတဲ့ ကြွေးကြော်သံ ညံလာအောင် ဝိုင်းဝန်း ကူညီကြပါလို့ မစ္စတာ မိုဒီက တကမ္ဘာလုံးကို ဖိတ်ခေါ် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ