အီရတ် ပြဿနာ ဖြေရှင်းဖို့ လမ်းစ ပေါ်ပြီလား

  • 15 ဩဂုတ် 2014
ဝန်ကြီးချုပ်သစ် အဖြစ် သမ္မတက တာဝန်ပေးခံရတဲ့ ပါလီမန် ဒု ဥက္ကဋ္ဌဟောင်း အဘာဒီ

အီရတ် နိုင်ငံမှာ ဝန်ကြီးချုပ် အသစ်နဲ့ အစိုးရ အသစ် ဖွဲ့စည်းနိုင်ရေး လမ်းစ ပေါ်လာမှုဟာ ပေါ်ပေါက်နေတဲ့ နိုင်ငံရေးနဲ့ လုံခြုံရေး ပြဿနာ တွေကို ဖြေရှင်း ပေးနိုင်မယ့် ရှားပါး အခွင့်အရေး ဖြစ်တယ်လို့ အီရတ် ထိပ်တန်း ဘာသာရေး ခေါင်းဆောင် အယာတိုလာ အလီ အယ်လ် စစ်စ်တာနီ Ayatollah Ali al-Sistani က ပြောပါတယ်။

အီရတ် သမ္မတက ရွေးချယ်ခဲ့တဲ့ ဝန်ကြီးချုပ်သစ် ဟိုင်ဒါ အယ်လ် အဘာဒီ Haider al-Abadi အတွက် နေရာ ဖယ်ပေးဖို့ ဝန်ကြီးချုပ်ဟောင်း မစ္စတာ မာလီကီ Nouri al-Maliki က ဆုံးဖြတ်ခဲ့ အပြီးမှာ အခုလို အယ်လ် စစ်စ်တာနီက ပြောလိုက်တာပါ။

အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး ဆူဆန်ရိုက်စ် Susan Rice ကလည်း မစ္စတာ မာလီကီရဲ့ ဆုံးဖြတ်ချက်ဟာ အစ္စလာမ် စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုကို တွန်းလှန် နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

အီရတ် မြောက်ပိုင်းမှာတော့ ယာဇီဒီ စစ်ပြေး ဒုက္ခသည်တွေဟာ ဆင်ဂျာ တောင်ပေါ်ကနေ အားလုံးနီးပါး လွတ်မြောက် လာခဲ့ကြပေမယ့် နိုင်ငံတကာရဲ့ အကူအညီကို လိုအပ်နေဆဲ ဖြစ်တယ်လို့ အဲဒီ ဒုက္ခသည်တွေက ဘီဘီစီ ကို ပြောပါတယ်။

ဥရောပ သမဂ္ဂ အဖွဲ့က နိုင်ငံခြားရေး ဝန်ကြီးတွေဟာလည်း ဘရပ်ဆဲလ်မှာ အီရတ် ပြဿနာကို ဆွေးနွေး နေကြပါတယ်။

ဘဂ္ဂဒက်မှာ ညီညွတ်ပြီး ပါတီ အားလုံး ပါဝင်မယ့် အစိုးရသစ်ကို အမြန်ဆုံး ဖွဲ့နိုင်ဖို့ အားလုံးက မျှော်လင့်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ