အငှား ကိုယ်ဝန်ဆောင်တာကို ထိုင်းတင်းကြပ်

  • 15 ဩဂုတ် 2014
pattaramon_chanbua_ ဓာတ်ပုံ မူပိုင် EPA
Image caption အငှားကိုယ်ဝန်ဆောင် ကလေးငယ်

ထိုင်းနိုင်ငံမှာ၊ ကိုယ်ဝန် အငှားဆောင်ရာ က မွေးဖွားလာ တဲ့ ကလေးတွေ ကို၊ နိုင်ငံခြားသား မိဘတွေက တိုင်းပြည် အပြင်ဘက် ခေါ်ထုတ် သွားနေကြမှု နဲ့ စပ်လျှင်းပြီး၊ ကန့်သတ်ချက် အသစ်တွေ ချမှတ် လိုက်ပါတယ်။

ကလေးတွေကို၊ ထိုင်းနိုင်ငံ အပြင်ဘက်၊ ခေါ်ဆောင် မသွားခင်၊ မိဘတွေ အနေနဲ့ ထိုင်းတရားရုံး ရဲ့ ခွင့်ပြုမိန့် ရယူရမယ် ဆိုပြီး၊ ထိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

တရားရုံး အမိန့် ရယူဖို့ ပျက်ကွက်တဲ့ အတွက်၊ ကလေးငယ်ကို ခေါ်ဆောင် သွားခွင့် ပိတ်ပင် ခံထားရမှု၊ အနည်းဆုံး တစ်မှု လောလောဆယ်မှာ ကို စတင် ရှိနေပြီ ဖြစ်သလို၊ အလားတူ အမှု ကိစ္စမျိုးတွေ ပေါ်ပေါက် နေကြောင်းလည်း သတင်းတွေ ထွက်ပေါ် နေပါတယ်။

ထိုင်းနိုင်ငံမှာ၊ ကိုယ်ဝန် အငှားဆောင်တာ ဟာ၊ စီးပွားရေး လုပ်ငန်းသဖွယ် ထွန်းကား လာနေတဲ့ အပေါ်၊ တားမြစ် နိုင်ဖို့ အတွက်၊ လက်ရှိ ထိုင်းစစ်အစိုးရ က၊ ဥပဒေ မူကြမ်း တစ်ရပ် အလျင်အမြန် ပြဌာန်းလာတာ ဖြစ်ပါတယ်။

ထိုင်း အမျိုးသမီး အငှားကိုယ်ဝန် ဆောင်ရာကနေ မွေးဖွားလာတဲ့ ကလေးမှာ၊ မွေးရာပါ ချို့ယွင်းချက်တွေ ရှိတဲ့ Down's syndrome ရောဂါ ပါလာတဲ့ အတွက်၊ ဩစတြေးလျ နိုင်ငံသား မိဘ စုံတွဲက၊ ကလေးကို ငြင်းဆန်ခဲ့တဲ့ ကိစ္စမျိုး ဖြစ်လာခဲ့ အပြီး၊ ဒီလို အငှားကိုယ်ဝန်ဆောင် လုပ်ငန်းအပေါ် ထိုင်းအာဏာပိုင်တွေ က ထိန်းချူပ်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ