ရုရှား အကူ ယာဉ်တန်းကို ယူကရိန်း စစ်ဆေးမယ်

  • 15 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် AP
Image caption သယ်လာတဲ့ ပစ္စည်းအချို့ကို သတင်းထောက်တွေကို ပြသခဲ့

ယူကရိန်း အရှေ့ပိုင်း နယ်စပ်ကို ရောက်ရှိလာတဲ့ ရုရှားရဲ့ အကူပစ္စည်း ယာဉ်တန်းကို ယူကရိန်း နယ်ခြားစောင့် တပ်ဖွဲ့တွေက စစ်ဆေးမှာ ဖြစ်တယ်လို့ ယူကရိန်း အစိုးရက ပြောပါတယ်။

ဒီ အကူ ပစ္စည်းတွေဟာ ယူကရိန်း သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒေသက လူတွေကို ထောက်ပံ့မယ့် ပစ္စည်းတွေ ဖြစ်ပြီး ဒီယာဉ်တန်းကို စစ်ဆေးဖို့ စစ်ဆေးရေးမှူးတွေ ရောက်သွားကြပြီလို့ ယူကရိန်း အရာရှိတွေက ပြောပါတယ်။

အကူပစ္စည်းတွေ သယ်လာတဲ့ အဲဒီ ယာဉ်တန်းမှာ သူပုန်တွေ အတွက် စစ်ရေး အထောက်အပံ့ ပစ္စည်းတွေ ပါလာမှာကို ယူကရိန်း အစိုးရက စိုးရိမ် ပူပန်နေတာ ဖြစ်ပါတယ်။

ကြာသပတေး နေ့ကလည်း ရုရှား စစ်သုံးယာဉ်တွေ ယူကရိန်း နယ်မြေဘက် ဦးတည် သွားတာ တွေ့လိုက်တယ်လို့ သတင်းထောက် ၂ ဦးက ပြောပါတယ်။

ဒီယာဉ်တန်းကို ယူကရိန်း အစိုးရဘက်က စစ်ဆေးနေပြီလို့ အစောပိုင်းက သတင်းတွေ ထွက်ခဲ့ပေမယ့် အခုချိန်ထိ စစ်ဆေးခွင့် ရဖို့ ကြက်ခြေနီ အဖွဲ့ဆီက ခွင့်ပြုချက် စောင့်ဆိုင်းနေဆဲ ဖြစ်တယ်လို့ ယူကရိန်း အမျိုးသား လုံခြုံရေး အဖွဲ့ ပြောခွင့်ရသူ Andriy Lysenko က ယူကရိန်း တီဗီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ