ဖာဂူဆန် အရပ်မှာ အရေးပေါ် အခြေအနေ ကြေညာ

law_enforcement_officer ဓာတ်ပုံ မူပိုင် Getty
Image caption ဖာဂူဆန် အရပ်မှာ တာဝန်ချထားတဲ့ လုံခြုံရေး

အမေရိကန် ပြည်ထောင်စု၊ မစ်ဇူရီ ပြည်နယ်၊ စိန့်လူးဝစ်မြို့ ရဲ့ ဆင်ခြေဖုံး ဖာဂူဆန် အရပ်ဒေသ မှာ၊ အရေးပေါ် အခြေအနေ ကို၊ ပြည်နယ် အုပ်ချူပ်ရေးမှုး ဂျေးနစ်ဆင် က လက်မှတ်ရေးထိုး ကြေညာ လိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် က ဖြစ်ပေါ်ခဲ့ တဲ့၊ လက်နက်မဲ့ လူမည်း ဆယ်ကျော်သက် အရွယ်တစ်ဦး ကို၊ ဒေသခံ ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ် သေဆုံးစေခဲ့မှု နောက်ပိုင်း၊ အုံကြွမှုတွေ နဲ့အတူ၊ အကြမ်းဖက်မှု လုယက်မှု တွေ ဆက်လက် ဖြစ်ပွားနေတဲ့ အတွက်၊ အခုလို အရေးပေါ် အခြေအနေ ကြေညာရတာ ဖြစ်ပါတယ်။

အပြင်မထွက်ရ ကာဖျူး အမိန့်ဟာ ဒေသ စံတော်ချိန် ညသန်းခေါင်ယံ ၁၂ နာရီ ကနေ စတင်မှာ ဖြစ်ပြီး၊ မနက် ၅ နာရီ အချိန်ထိ အဆိုပါ ကာဖျူးအမိန့် သက်ရောက်မှာ ဖြစ်တယ် လို့၊ အဲဒီ့ဒေသ ရဲ့ လုံခြုံရေးတာဝန် ကို ဦးစီး ယူထားရတဲ့ ရဲ အရာရှိ ကပ္ပတိန် ရွန်ဂျွန်ဆင် က ပြောပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ နှောင်းပိုင်း မှာ၊ သေဆုံးသူ မိုက်ကယ် ဘရောင်း ကို ပစ်ခတ်ခဲ့သူ ရဲအရာရှိရဲ့ နာမည်နဲ့ အတူ၊ မိုက်ကယ် ဘရောင်းဟာ အခင်း မဖြစ်ပေါ်မီ၊ စတိုးဆိုင် တစ်ဆိုင်ကို လုယက်ခဲ့သူ ဖြစ်ကြောင်း ဖော်ပြနေတယ် လို့ ဆိုတဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်းကိုပါ၊ ရဲတပ်ဖွဲ့က ထုတ်ပြန် ပေးခဲ့တဲ့ နောက်ပိုင်း၊ တင်းမာမှုတွေ ပြန်လည် တိုးမြင့် လာခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ