ကက်သလိတ်ဘုန်းကြီးတွေ ရောင့်ရဲဖို့ ပုပ်ရဟန်းမင်းကြီးပြော

  • 16 ဩဂုတ် 2014
pope ဓာတ်ပုံ မူပိုင်
Image caption တောင်ကိုးရီးယားရောက် ပုပ်ရဟန်းမင်းကြီး

တောင်ကိုရီးယား နိုင်ငံငံကို ရောက်ရှိ နေတဲ့ ပုပ်ရဟန်းကြီး ဖရန်စစ္စက ရိုမန်ကသလိတ် ဘုန်းတော်ကြီး တွေကို ရောင့်ရဲ တင်းတိမ် နိုင်ကြဖို့ ပြောလိုက်ပါတယ်။

သူက ဥစ္စာ ပစ္စည်းကို မမက်မောဖို့ တရား ဟောကြသူတွေက လူချမ်းသာ တွေလို နေထိုင်ပြီး အပြောတမျိုး အလုပ်တမျိုး လုပ်နေကြရင် အသင်းတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီးက တောင်ကိုရီးယားမှာ ဘုန်းတော်ကြီးတပါးက လွန်ခဲ့တဲ့ ၃၈ နှစ်လောက်က တည်ထောင်ခဲ့တဲ့ ပြန်လည် ထူထောင်ရေး စင်တာကို ရောက်ရှိစဉ်မှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

နောက်ပြီး ကိုယ်ဝန်ဖျက်ချလို့ သေဆုံး ခဲ့ရတဲ့ ကလေးတွေ အတွက် ထားရှိတဲ့ အထိန်းအမှတ် နေရာမှာလည်း ဆုတောင်းပေးခဲ့ပါတယ်။

အစောပိုင်းတုန်းကတော့ ဆိုးလ်မြို့ တော်မှာ လွန်ခဲ့တဲ့ ရာစုနှစ် ၂ ခုက အသတ်ခံခဲ့ရတဲ့ ကိုရီးယား ကက်သလိတ် အသင်းတော်ဝင် ၁၂၄ ဦး အတွက် ဆုတောင်းပွဲကို ကျင်းပခဲ့ရာမှာ လူ သန်းနဲ့ ချီပြီး တက်ရောက် ခဲ့ကြပါတယ်။