ဖာဂူဆန်အရပ်မှာ ကာဖျူး ရုတ်သိမ်း

  • 19 ဩဂုတ် 2014
_missouri_teargas ဓာတ်ပုံ မူပိုင် Reuters
Image caption ဖာဂူဆန်အရပ်က အုံကြွနေမှု

အမေရိကန် ပြည်ထောင်စု မစ်ဇူရီ ပြည်နယ်၊ ဖာဂူဆန် အရပ်မှာ ချမှတ်ထား တဲ့၊ ကာဖျူး အမိန့်ကို ရုတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း၊ မစ်ဇူရီပြည်နယ် အုပ်ချူပ်ရေးမှုး ဂျေးနစ်ဇဲန်က ပြောပါတယ်။

စနေနေ့က စလို့၊ ညဘက် ကာဖျူးချမှတ် ခဲ့ပေမယ့်၊ အကြမ်းဖက် အဓိကရုဏ်း တွေ ဖာဂူဆန် အရပ်မှာ ဆက်လက် ဖြစ်ပေါ် နေခဲ့ပါတယ်။

အဲဒီ့ ဒေသမှာ၊ ပြည်စောင့်တပ် national guard အဖွဲ့ကို၊ နေရာချမယ် ဆိုပြီး၊ အုပ်ချူပ်ရေးမှုး မစ္စတာ နစ်ဇဲန်က ဆိုပါတယ်။

ဒီလို ဆောင်ရွက်လာတာဟာ၊ အခြေအနေကို ငြိမ်သက်စေမှာလား၊ ပို ဆိုးရွား လာစေမှာလား ဆိုတာကို၊ စောင့်ကြည့်နေတယ် ဆိုပြီး၊ သမ္မတ အိုဘားမားက ပြောပါတယ်။

မနက်ဖြန် ဗုဒ္ဓဟူးနေ့ကျရင်၊ အခင်းဖြစ်ပေါ်နေရာ ဖာဂူဆန် အရပ်ကို၊ ရှေ့နေချူပ် Eric Holder၊ ရောက်လာ လိမ့်မယ် ဆိုပြီးတော့လည်း၊ မစ္စတာ အိုဘားမား က ကြေညာခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ