ဆည်ကို သိမ်းနိုင်တာ အဓိကအောင်ပွဲလို့ ယူဆ

  • 18 ဩဂုတ် 2014
_iraq_mosul_dam_fighting ဓာတ်ပုံ မူပိုင် AP
Image caption အီရတ်မြောက်ပိုင်းက ဆည်လု တိုက်ပွဲ

အီရတ်နိုင်ငံ မြောက်ပိုင်း မိုဆိုးလ်မြို့ အနီးက၊ ဗဟာဗျူဟာ အရ အချက်အချာကျ တဲ့၊ ရေလှောင်တမံ ဆည်ကြီးကို၊ အစ္စလာမ်မစ် နိုင်ငံတော် ဆွန်နီ အစွန်းရောက် သူပုန်တွေ လက်ကနေ၊ ပြန်လည် သိမ်းယူ နိုင်လိုက်တာ ဟာ၊ အီရတ်နဲ့ ကာ့ဒ်ဒစ်ရှ် တပ်ဖွဲ့တွေ အတွက်၊ အဓိက အောင်မြင်မှု တစ်ရပ် ဖြစ်တယ် ဆိုပြီး၊ အမေရိကန် သမ္မတ အိုဘားမားက ပြောလိုက်ပါတယ်။

ဒီလို တိုးတက်မှုတွေ ရှိတာကို ကြည့်ခြင်း အားဖြင့်၊ အီရတ် အစိုးရ တပ်ဖွဲ့တွေနဲ့၊ ကာ့ဒ်ဒစ်ရှ် တပ်ဖွဲ့တွေ အကြား၊ အတူ လက်တွဲ လုပ်ဆောင်နိုင်တယ် ဆိုတာကို သိနိုင်ပါတယ် ဆိုပြီးတော့ လည်း၊ မစ္စတာ အိုဘားမားက ဆိုပါတယ်။

အခုလို ဆည်တမံကို ပြန်လည် သိမ်းပိုက်နိုင်ရေး အတွက်၊ အမေရိကန်က လည်း၊ လေကြောင်း ပစ်ကူတွေ ပေးနေခဲ့တာ ဖြစ်ပြီး၊ ဆက်လက် ပြီးတော့လည်း ခိုင်မာတဲ့ အကူအညီတွေ ပေးသွားမှာ ဖြစ်ကြောင်း သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။

ဒီ ဆည်တမံကြီး ဟာ၊ အီရတ်နိုင်ငံ မှာ အကြီးဆုံး ဖြစ်ပြီး၊ တကယ်လို့ များ သူပုန်တွေက၊ ဖျက်စီး ဖောက်ချ ခဲ့တယ်ဆိုရင်၊ အရပ်သားတွေ ထောင်နဲ့ချီ သေဆုံးနိုင်တဲ့ ရေကြီးမှု ဖြစ်ပေါ်လာမယ့် အန္တရာယ် ရှိခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ