ဖာဂူဆန်မြို့ အဓိကရုဏ်း အတွင်း ၃၁ ဦးကို ဖမ်းဆီး

  • 19 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် Getty
Image caption တနင်္လာနေ့ည ဆန္ဒပြပွဲကို နှိမ်နင်းစဉ်

အမေရိကန် မစ်ဇူရီ ပြည်နယ်၊ ဖာဂူဆန် မြို့မှာ ညမထွက်ရ အမိန့်ကို ရုပ်သိမ်းလိုက် ပေမယ့် တနင်္လာနေ့ညက ဖြစ်ပွားတဲ့ အဓိကရုဏ်းတွေ အတွင်း လူ ၃၁ ယောက်ကို ဖမ်းဆီး ခဲ့တယ်လို့ ဖာဂူဆန်မြို့ ရဲအရာရှိတွေက ပြောပါတယ်။

လူဆိုး ရာဇဝတ်သားတွေက ဆန္ဒပြသူတွေထဲကို ဝင်ရောက် ရောနှောပြီး ဆူပူအောင် လှုံ့ဆော်ခဲ့ကြကာ ရဲတွေကို ပစ်ခတ် တိုက်ခိုက်မှုတွေ ရှိပေမယ့် သူတို့ ဘက်က ပြန်မပစ်ခဲ့ဘူးလို့လည်း ဖာဂူဆန် ရဲ အရာရှိ တွေက ဆိုပါတယ်။

တနင်္လာနေ့ညက ဖမ်းဆီး ခံရသူ တချို့ဟာ နယူးယော့နဲ့ ကယ်လီဖိုးနီးယားလို ရပ်ဝေးက လာရောက်သူတွေ ဖြစ်တယ်လို့ ရဲဘက်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။

တနင်္လာနေ့ည ဆန္ဒပြပွဲကို ရဲက မျက်ရည်ယို ဗုံးနဲ့ မီးခိုးဗုံးတွေ သုံးပြီး နှိမ်နင်း ခဲ့ပါတယ်။

ဖာဂူဆန် မြို့မှာ သြဂုတ် ၉ ရက်နေ့က ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် လက်နက်မဲ့ ဆယ်ကျော်သက် လူမည်း တဦး သေဆုံးခဲ့ရပြီး နောက်မှာ ကန့်ကွက် ဆန္ဒပြမှုတွေ အုံကြွ ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ