သတင်းစာဆရာ အသတ်ခံရတဲ့ ဗီဒီယို ဟုတ်မဟုတ်

  • 20 ဩဂုတ် 2014
james_foley_
ဆီးရီးယားမှာ ပျောက်ဆုံးနေခဲ့တဲ့ ဂျိမ်းစ် ဖိုလီ

အမေရိကန် စာနယ်ဇင်းသမားကို အစ္စလာမ်မစ် နိုင်ငံ အကြမ်းဖက် အဖွဲ့က ခေါင်းဖြတ် သတ်နေတာကို ရိုက်ကူးထားတာ လို့ ထင်ရတဲ့ ဗီဒီယို ခွေဟာ အစစ်အမှန် ဟုတ် မဟုတ်ကို စမ်းစစ်မှု တွေ ပြုလုပ်နေတယ် ဆိုပြီး အမေရိကန် အာဏာပိုင်တွေ က ပြောပါတယ်။

အဆိုပါ အမေရိကန် သတင်းသမား James Foley ဟာ ဆီးရီးယားနိုင်ငံတွင်းမှာ လွန်ခဲ့တဲ့ ၂ နှစ် နီးပါး ကတည်းက ပျောက်ဆုံး သွားခဲ့သူ ဖြစ်ပါတယ်။

ဒီ ဗီဒီယိုခွေ ဟာ အမေရိကန်သို့ သတင်းစကား ဆိုတဲ့ ခေါင်းစဉ် နဲ့ လူမှုကွန်ယက် အွန်လိုင်း စာမျက်နှာတွေပေါ် ထွက်ပေါ် လာခဲ့ပေမယ့် အခု အချိန်ထိတော့ အစစ်အမှန် ဟုတ်မဟုတ် ဆန်းစစ်လို့ မရနိုင် ဖြစ်နေပါ တယ်။

ဗီဒီယိုထဲမှာ တွေ့ရတာကတော့ အကျဉ်းသားဟာ လိမ္မော်ရောင် ဝတ်စုံနဲ့ ဖြစ်ပြီး ကန္တာရလို့ ထင်ရတဲ့ နေရာမှာ ဒူးထောက် နေရပါတယ်။ သူ့ဘေးမှာ ဝတ်စုံအမည်းတွေ ဝတ်ဆင်ထား တဲ့ လက်နက်ကိုင်တွေ ရှိပြီး အမေရိကန် အစိုးရကို တိုက်ရိုက် ဦးတည်ပြီး အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ကို တိုက်ခိုက်တာဟာ မွတ်ဆလင် အားလုံးကို တိုက်ခိုက်တာပဲလို့ ပြောနေပါတယ်။

ပြောတဲ့ လေသံဟာလည်း ဗြိတိသျှ လေယူလေသိမ်းဟန် ပေါက်ပါတယ်။

ဒီ ဗီဒီယိုသာ တကယ် အစစ်အမှန် ဆိုရင် အပြစ်မဲ့ အမေရိကန် စာနယ်ဇင်းသမား အသတ်ခံရမှုကြောင့် အမေရိကန် အစိုးရ အနေနဲ့ အလွန် တုန်လှုပ်ရမှာ ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရသူက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ