မစ်ဇူရီမှာ လူမည်းတစ်ဦး ထပ်မံ သေဆုံး

  • 19 ဩဂုတ် 2014
demonstrator_ferguson_ Image copyright
Image caption ဖာဂူဆန် အရပ်က ဆန္ဒပြသမား

အမေရိကန် ပြည်ထောင်စု၊ မစ်ဇူရီ ပြည်နယ်မှာ ရဲတွေရဲ့ ပစ်ခတ်မှုကြောင့်၊ အသက် ၂၃ နှစ် အရွယ် လူမည်း အမျိုးသား တစ်ဦး သေဆုံးသွားပါတယ်။

စိန့်လူးဝစ်မြို့ရဲ့ ဆင်ခြေဖုံး၊ ဖာဂူဆန် အရပ်မှာ ဒေသခံရဲ ရဲ့ သေနတ်နဲ့ ပစ်ခတ် ခံရမှုကြောင့်၊ လက်နက်မဲ့ လူမည်း ဆယ်ကျော်သက် အရွယ် လူငယ်တစ်ဦး၊ သေဆုံးခဲ့ရ အပြီး၊ အကြမ်းဖက် အုံကြွမှုတွေ ဖြစ်ပေါ် လာနေခဲ့ရာ ကနေ၊ အခုလို နောက်ထပ်တစ်ဦး ထပ်မံ သေဆုံးသွား တာ ဖြစ်ပါတယ်။

အခု သေဆုံးသွားသူ ဟာ၊ ဓား ကိုင်ဆောင်ထားပြီး၊ ရဲတွေကို ခြိမ်းခြောက်မှုတွေ ပြုလုပ် ခဲ့တယ် လို့၊ စိန့်လူးဝစ် ရဲတွေက ပြောပါတယ်။

ထိုသူဟာ လက်နက်ချဖို့ အမိန့်ပေးမှုကို မနာခံပဲ၊ ရဲအရာရှိတွေနဲ့ ၃-၄ ပေ အကွာလောက် အထိ၊ တိုးကပ်လာတဲ့ အတွက်၊ ပစ်ခတ် ခဲ့ရတာ ဖြစ်တယ် ဆိုပြီး၊ စိန့်လူးဝစ် ရဲဌာနက ရဲမှုး ဆမ် ဒေါ့ထ်ဆဲန် က ပြောပါတယ်။

အဆိုပါ လူရွယ်ဟာ ရဲတွေရဲ့ ပစ်ခတ်မှုကြောင့်၊ အခင်းဖြစ်ရာ နေရာမှာတင်၊ သေဆုံး သွားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ