စိတ်ကြွဆေး သယ်တဲ့ ထိုင်း ဒုရဲမှူးကြီးကို ဖမ်းမိ

  • 19 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ကွင်းဆက် စုံစမ်းမှုတွေ ဆက်လုပ်နေ

ယာဘ စိတ်ကြွ ဆေးပြား အလုံး ၈ သိန်းနဲ့ အိုင့်စ် ဆေးမှုန့် ၁ ကီလို အငှါးသယ်တဲ့ ထိုင်း ဒုရဲမှူးကြီး တစ်ဦးကို ထိုင်း-မြန်မာ နယ်စပ် တာချီလိတ်မြို့ တဘက်ခြမ်းက မဲဆိုင်မြို့မှာ နယ်မြေခံ ထိုင်း ရဲတပ်ဖွဲ့က မနေ့တုန်းက ဖမ်းဆီးလိုက်ပါတယ်။

အဖမ်းခံရတဲ့ ဒုရဲမှူးကြီး ချမ်းနမ်း ဖုမ့်ဖိုင်းကျစ် ဟာ ချင်းမိုင် ခရိုင်၊ ချိုင်းပရားကန်း မြို့နယ် ဒုတိယ ရဲစခန်းမှူး ဖြစ်ပြီး ယာဘ ဆေးပြား ၈ သိန်းနဲ့ အိုင့်စ် ဆေးမှုန့် တစ်ကီလိုကို ဘန်ကောက်ကို အငှါး သယ်သွားဖို့ ဖြစ်တယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

သူ့ကို ရဲတပ်ဖွဲ့က ထုတ်ပယ်လိုက်ပြီး ကွင်းဆက် ဆုံစမ်းမှုတွေ ဆက်လုပ် နေတယ်လို့ နယ်မြေခံ မယ်ဆိုင် ရဲတပ်ဖွဲ့က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ