အင်္ဂလိပ် ရေလက်ကြားကို အသက် ၇၀ မှာ ဖြတ်ကူးသူ

Image caption အင်္ဂလိပ် ရေလက်ကြား တနေရာ

ဗြိတိန်နဲ့ ပြင်သစ် နိုင်ငံကို ခြားထားတဲ့ အင်္ဂလိပ် ရေလက်ကြားကို အသက် အကြီးဆုံး ရေကူး ဖြတ်ကျော် နိုင်သူအဖြစ် စံချိန် တင်နိုင်ဖို့ သြစတြေးလျ နိုင်ငံသား အသက် ၇၀ အရွယ် အမျိုးသား တစ်ဦးက ကြိုးပမ်းနေပါတယ်။

ဆစ်ဒနီ မြို့ Bondi Beach မှာ နေထိုင်သူ မစ္စတာ Cyril Baldock က ဒီည မြန်မာ စံတော်ချိန် ၈ နာရီခွဲ လောက်မှာ စတင် ရေကူးမှာ ဖြစ်ပါတယ်။

ငယ်ရွယ်စဉ်က ရေကြောက်သူ မစ္စတာ Baldock ဟာ ၁၉၈၅ ခုနှစ်တုန်းကလည်း အင်္ဂလိပ် ရေလက်ကြားကို ရေကူး ဖြတ်သန်း ခဲ့ဖူးပါတယ်။

လက်ရှိ အသက်အကြီးဆုံး ဖြတ်ကူးနိုင်သူ အဖြစ် စံချိန်တင်ထားသူက Guernsey က အငြိမ်းစား ခွဲစိတ်ကု ဆရာဝန် Roger Allsopp ဖြစ်ပြီး အခု စံချိန်တင်ဖို့ ကြိုးစားနေတဲ့ မစ္စတာ Baldock က သူ့ထက် ၄ လ အသက် ပိုကြီးပါတယ်။