၂၁ရာစုမှာ အကြမ်းဖက်ဝါဒ အတွက် နေရာမရှိ

  • 21 ဩဂုတ် 2014
_james_foley Image copyright AP
Image caption ကွယ်လွန်သူ အမေရိကန် စာနယ်ဇင်းသမား ဂျိမ်းစ် ဖိုလီ

အမေရိကန် စာနယ်ဇင်းသမား James Foley အသတ်ခံရမှုဟာ၊ တကမ္ဘာလုံးက လူတွေရဲ့ စိတ်ကို တုန်လှုပ် ခြောက်ခြား သွားစေခဲ့တဲ့ အကြမ်းဖက်မှု ဖြစ်တယ် လို့၊ အမေရိကန် သမ္မတ အိုဘားမား က ပြောလိုက်ပါ တယ်။

မစ္စတာ ဖိုလီဟာ ခြေမှုန်း ဖျက်စီး ခံလိုက်ရသူ မဟုတ်၊ တည်ဆောက်သူ ဖြစ်တယ်၊ သူ့လို လူတွေကြောင့် အနာဂတ်မှာ အောင်မြင်မှုတွေ ရမှာ ဖြစ်ပြီး၊ ၂၁ ရာစုမှာ အကြမ်းဖက် သမားတွေ အတွက် နေရာ မရှိဘူးလို့ လည်း၊ မစ္စတာ အိုဘားမားက ဆိုပါတယ်။

အမေရိကန် ပြည်သူတွေ ကို ကာကွယ်ဖို့ရာ၊ လုပ်ဆောင်ရမယ့် ကိစ္စတွေ မှန်သမျှ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ် ဆိုပြီးတော့လည်း မစ္စတာ အိုဘားမားက ဂတိပေး ပြောကြားခဲ့ပါ တယ်။

ဒီ အချိန်မှာပဲ၊ မစ္စတာ ဖိုလီ အပါအဝင် ဆီးရီးယား မှာ အဖမ်းခံထားရ တဲ့၊ အမေရိကန် နိုင်ငံသား ဓားစာခံတွေ ကို၊ အမေရိကန် အထူးတပ်ဖွဲ့တွေ က၊ ကယ်တင်ဖို့ ကြိုးစား ခဲ့ကြပေမယ့်၊ ချူပ်နှောင် ထားရာ နေရာ ကို၊ မဖော်ထုတ် နိုင်ခဲ့တာကြောင့်၊ မအောင်မမြင် ဖြစ်ခဲ့ရကြောင်း၊ အမေရိကန် စစ်ဌာနချူပ် Pentagon က ထုတ်ဖေါ် ပြောကြား လိုက်ပါတယ်။

တခါ၊ မစ္စတာ ဖိုလီ အသတ်ခံရမှု နဲ့ ပတ်သက်ပြီး၊ ဗြိတိသျှ ဝန်ကြီးချူပ်၊ ဒေးဗစ် ကင်မရွန်း က၊ မစ္စတာ ဖိုလီ ကို ခေါင်းဖြတ် လိုက်သူဟာ၊ ဗြိတိသျှ နိုင်ငံသား ဖြစ်နိုင်တယ် ဆိုပြီး၊ ပြောပါတယ်။

မျက်နှာဖုံး စွပ်ထားပြီး၊ ဗြိတိသျှ လေယူလေသိမ်း နဲ့ စကားပြော တဲ့၊ အဲဒီ့ တရားခံ၊ ဘယ်သူဘယ်ဝါ ဆိုတာကို ဖော်ထုတ် နိုင်ဖို့ အတွက်၊ ဗြိတိသျှ ထောက်လှမ်းရေးတွေ က ကြိုးစား နေကြပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ