ISISနဲ့ ဟားမတ်စ် အတူတူပဲလို့ အစ္စရေးပြော

  • 20 ဩဂုတ် 2014
_gaza_ ဓာတ်ပုံ မူပိုင် AFP
Image caption ဂါဇာမှာ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှု ခံရစဉ်

ဂါဇာမှာ ပြုလုပ်နေ တဲ့ အစ္စရေးတို့ ရဲ့ စစ်ရေးအရ အရေးယူ ဆောင်ရွက် နေမှုဟာ၊ ပြီးဆုံးဦးမှာ မဟုတ်သေးဘူး လို့၊ အစ္စရေး ဝန်ကြီးချူပ် နာတန်ယာဟု က ပြောလိုက်ပါတယ်။ အစ္စရေး နိုင်ငံ အတွက် လုံခြုံရေး အာမခံချက်၊ ရှိမလာ မချင်း၊ ဆက်လက် တိုက်ခိုက်မယ် ဆိုပြီးတော့ လည်း မစ္စတာ နာတန်ယာဟု က ကတိပြု လိုက်ပါတယ်။

ရုပ်မြင်သံကြား ကနေ တဆင့်၊ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲ၊ ပါလက်စတိုင်း ဟားမတ်စ် အဖွဲ့ နဲ့ပတ်သက်ပြီး၊ ဝန်ကြီးချူပ် နာတန်ယာဟု ပြောတဲ့ အခါ၊ အခု အီရတ်နဲ့ ဆီးရီးယားတို့မှာ ထကြွနေတဲ့၊ အစ္စလာမ်မစ် နိုင်ငံတော် လက်နက်ကိုင် အဖွဲ့ ISIS နဲ့၊ ဟားမတ်စ်တွေ ဟာ ပင်စည်ကြီး တစ်ခုတည်း က၊ ပေါက်ဖွား လာကြတဲ့၊ အတူတူ တွေ ဖြစ်တယ် ဆိုပြီး ပါဝင်ပါ တယ်။

အစ္စရေး ဝန်ကြီးချူပ် ရဲ့ ပြောကြားချက် ကို၊ ဟားမတ်စ် အဖွဲ့ရဲ့ ပြောခွင့်ရ၊ ဆမ်မီ အဘူ ဇူဟ်ရီ က၊ နာတန်ယာဟု ရဲ့ မိန့်ခွန်းဟာ၊ အစ္စရေးက ထားရှိတဲ့ စိတ်ထားအမှန် ကို ဖုန်းကွယ်ဖို့၊ ကယောင်ကတမ်း ကာကွယ် ပြောဆိုမှု ဖြစ်ကြောင်း နဲ့ ဂါဇာ နယ်သိမ်း စစ်ပွဲ အကြမ်းဖက်မှု တွေ ဆက်လက် လုပ်ဆောင်သွား မယ် ဆိုတာကို ညွှန်ပြနေတယ် ဆိုပြီး တုန့်ပြန်ပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ