ယောဂ ဆရာကြီး Iyengar ၉၅ နှစ်မှာ ကွယ်လွန်

  • 20 ဩဂုတ် 2014
Image caption နှစ်ပေါင်း ၈၀ ယောဂ ကျင့်ခဲ့သူ မစ္စတာ BKS Iyengar

အိန္ဒိယ နိုင်ငံမှာ ခေတ်သစ် ယောဂ ဖခင်ကြီးလို့ လူသိများတဲ့ အီယန်းဂါ BKS Iyengar ဟာ အသက် ၉၅ နှစ် အရွယ်မှာ ကွယ်လွန် သွားခဲ့ပါတယ်။

သူဟာ ယောဂ ကျင့်စဉ်နဲ့ ပတ်သက်တဲ့ စာအုပ်တွေ အတော်များများ ရေးသားခဲ့သူ ဖြစ်ပြီး သူ့ရဲ့ Iyengar စတိုင်လ် ယောဂ ကျင့်စဉ်ကြောင့် ကမ္ဘာတဝန်း လူသိများ ထင်ရှားလာသူ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်က မစ္စတာ အီယန်းဂါဟာ ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်းကြီးက ရွေးချယ်တဲ့ ကမ္ဘာ့ သြဇာ တိက္ကမ ရှိသူ လူ ၁၀၀ စာရင်းမှာ ထည့်သွင်း ခံခဲ့ရပါတယ်။

သူ့အမည် Iyengar ဆိုတဲ့ စကားလုံးကို အောက်စ်ဖို့ဒ် အင်္ဂလိပ် အဘိဓာန်ထဲမှာ ယောဂ ကျင့်စဉ် ပုံစံတစ်မျိုး အဖြစ် ထည့်သွင်း ဖော်ပြထားပါတယ်။

မစ္စတာ အီယန်းဂါဟာ နှစ်ပေါင်း ၈၀ ကြာအောင် ယောဂကို ကျင့်သုံးခဲ့တာ ဖြစ်ပြီး မနှစ်က သူ အကြီးအကျယ် နေမကောင်း ဖြစ်ခဲ့တဲ့ အချိန်အထိ ကြမ်းပြင်မှာ ခေါင်းနဲ့ ထိပြီး နာရီဝက်ကျော် ကြာအောင် ဇောက်ထိုး နေနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ