အိန္ဒိယ မိန်းမငယ် ၂ဦး အမှု ဆေးစစ်ချက် ကွဲလွဲနေ

  • 21 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် AP
Image caption ရင်ခွဲ စစ်ဆေးချက်နဲ့ ဓာတ်ခွဲခန်း အဖြေ ကွဲလွဲနေ

အိန္ဒိယ နိုင်ငံမှာ ပြီးခဲ့တဲ့ မေလက သစ်ပင် တစ်ပင်ပေါ် ဆွဲကြိုးချ သေဆုံးခဲ့တဲ့ မိန်းကလေး နှစ်ယောက်ဟာ လိင်ပိုင်း ဆိုင်ရာ စော်ကား ခံရတာ မရှိဘူးလို့ အိန္ဒိယ ထိပ်တန်း မှုခင်း ဆေးသိပ္ပံက ဓာတ်ခွဲ စစ်ဆေးမှု အရ ကောက်ချက်ချပါတယ်။

ဒီတွေ့ရှိချက်ဟာ အစောပိုင်းက ရင်ခွဲ စစ်ဆေးမှု အရ တွေရှိချက်တွေနဲ့ ကွဲလွဲနေပါတယ်။

အခုတော့ ရဲတွေက အဲဒီ အသက် ၁၄ နှစ်နဲ့ ၁၅ နှစ် အရွယ် ဝမ်းကွဲ ညီအစ်မ နှစ်ယောက် သေဆုံးမှုဟာ "honour killing" လို့ ခေါ်တဲ့ မိသားစု ဂုဏ်သိက္ခာ အတွက် သတ်ဖြတ်မှု တစိတ်တပိုင်း ဖြစ်နိုင်ခြေ ရှိမရှိကို စုံစမ်း နေကြပါတယ်။

ဒါပေမယ့် သေသူ မိန်းကလေး တစ်ယောက်ရဲ့ ဖခင်ကတော့ အဖြစ်မှန်ကို ဖုံးကွယ် ခံရပြီး သူတို့ မိသားစု အတွက် တရားဥပဒေ အရ မျှတမှု ရနိုင်မှာ မဟုတ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

အဲဒီ ဖြစ်ရပ်ကြောင့် အိန္ဒိယ တစ်နိုင်ငံလုံးမှာ မကျေမနပ် ဖြစ်မှုတွေ ပျံ့နှံ့ခဲ့ပါတယ်။

သေဆုံးမှုမှာ ပတ်သက်တယ်လို့ မသင်္ကာသူ ၅ ယောက်ကို ဖမ်းဆီး ထားပေမယ့် အခု ရက်ပိုင်း အတွင်း သူတို့ကို စွဲချက် မတင်ရင် ပြန်လွှတ် ပေးဖွယ် ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ