ထိုင်း စစ်ခေါင်းဆောင်ကို ဝန်ကြီးချုပ် တင်မြှောက်

  • 21 ဩဂုတ် 2014
Image copyright AP
Image caption ဗိုလ်ချုပ်ကြီး ကျန်အိုချာ ပြိုင်ဘက်မရှိ ဝန်ကြီးချုပ် ဖြစ်လာ

ထိုင်း နိုင်ငံမှာ အခု နှစ်ဆန်းက အာဏာ သိမ်းယူခဲ့တဲ့ စစ်တပ် ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ကျန်အိုချားကို ထိုင်း အမျိုးသား ဥပဒေပြု လွှတ်တော်က ဝန်ကြီးချုပ် ခန့်အပ်လိုက်ပါတယ်။

မဲတွေကို ရေတွက်ရာမှာ ၁၉၁ မဲက ထောက်ခံပြီး ကန့်ကွက်မဲ မရှိကြောင်း၊ မဲမပေးသူ ၃ ယောက် ရှိခဲ့ကြောင်း၊ ဒါကြောင့် ဗိုလ်ချုပ်ကြီးဟာ အမျိုးသား ဥပဒေပြု လွှတ်တော် အမတ် ထက်ဝက်ကျော်က ထောက်ခံတဲ့ အတွက် သူ့ကို ဝန်ကြီးချုပ် အဖြစ် တင်မြှောက် လိုက်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ပြောသွားပါတယ်။

ထိုင်း စစ်အစိုးရက စိတ်ကြိုက် ရွေးချယ် ထားတဲ့ ပါလီမန်မှာ သူ့တစ်ယောက်ထဲကိုပဲ ဝန်ကြီးချုပ် အဖြစ် ပြိုင်ဘက် မရှိ အမည်စာရင်း တင်သွင်းခဲ့တာဖြစ်ပါတယ်။

မကြာသေးခင်ကလို မတည် မငြိမ်မှုတွေ ပြန်မဖြစ်အောင် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ အများကြီး လုပ်စရာ ရှိနေသေးပြီး ဒါတွေကို ဆက်လုပ်သွားမယ်လို့ ဗိုလ်ချုပ်ကြီး ကျန်အိုချာက ကတိပေး ခဲ့ပါတယ်။

ဒါပေမယ့် ဘန်ကောက်က ဘီဘီစီ သတင်းထောက်ကတော့ သူ အမှန်တကယ် ဦးစားပေး လုပ်မှာက ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ရဲ့ ပါတီကို ချေမှုန်းဖို့နဲ့ ထီးနန်း ဆက်ခံမှုကို ချော့မွေ့အောင် လုပ်ဆောင်ဖို့ ဖြစ်တယ်လို့ လေ့လာ စောင့်ကြည့်သူတွေက ယူဆနေကြကြောင်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ