အမေရိကန် သတင်းထောက် သတ်ခံရမှု စုံစမ်းနေ

  • 21 ဩဂုတ် 2014
အမေရိကန် သမ္မတက အစွန်းရောက်တွေကို သတိပေး ဓာတ်ပုံ မူပိုင် Getty
Image caption အမေရိကန် သမ္မတက အစွန်းရောက်တွေကို သတိပေး

အိုင်အက်စ် အစ္စလမ်မစ် အစွန်းရောက်တွေက အမေရိကန် သတင်းသမား ဂျမ်းဖိုလီကို ခေါင်းဖြတ် သတ်လိုက်မှုကို နိုင်ငံတကာက ကို ဝိုင်းရှာကြရတဲ့အထိ ရောက်ခဲ့ပါတယ်။ အမေရိကန်ရှေ့နေချုပ် အဲရစ်ဟိုလ်ဒါက ဒီရာဇဝတ်မှုကို အက်ဖ်ဘီအိုင် ဖယ်ဒရယ် ထောက်လှမ်းရေးဗျူရိုကခေါင်းဆောင်ပြီး ပါဝင်သူတွေကို တနည်းမဟုတ်တနည်း ဖေါ်ထုတ်မယ်လို့ပြောသွားပါတယ်။

သမ္မတ အိုဘားမားကလည်း စောစောပိုင်းက သတ်ဖြတ်မှုကို ရှုတ်ချလိုက်ပြီး တရားဥပဒေနဲ့ အညီကျူးလွန်သူတွေကို ဖေါ်ထုတ် အရေးယူမယ်လို့ ပြောပါတယ်။ အွန်လိုင်းမှာ ဖိုလီကို ခေါင်းဖြတ်သတ်တဲ့ ပုံတင်ထားသူတွေကို လန်ဒန် ရဲတပ်ဖွဲ့ ဗြိတိသျှထောက်လှမ်းရေး တို့က အက်ဖ်ဘီအိုင်နဲ့ ပူးတွဲဆောင်ရွက်နေပါတယ်။ မျက်နှာဖုံး စွပ်ထားသူဟာ အင်္ဂလိပ်စကား လည်လည်ပတ်ပတ် ပြောနိုင်လို့ ဗြိတိသျှနိုင်ငံသား ဖြစ်မယ်လို့ယူဆရပါတယ်။

လန်ဒန်အခြေစိုက် အာယူ အက်စ်အိုင်ဆိုတဲ့ အဖွဲ့ကြီးရဲ့အဆိုအရ အစ္စလမ်မစ် စစ်သွေးကြွ တွေအတွက် အီရတ်နဲ့ ဆီးရီးယားမှာ တိုက်ပွဲဝင်နေတဲ့ အနောက်နိုင်ငံက လူပေါင်း၃၀၀၀ လောက်ရှိပြီး အဲဒီထဲမှာ ယူကေက လူ၄၀၀ ပါဝင်ပါတယ်။ ဒါပေမယ့် အာရပ်နိုင်ငံက လာတဲ့ အသေခံ ဂျီဟဒ်တွေကပိုများပါတယ်။

အခုသတ်ဖြတ်သူတွေကို အရေးယူဖို့တော့ အတော် ခက်ခဲနိုင်ပါတယ်။ အခုစစ်ဖြစ်နေတဲ့ နေရာမှာ တရားခံတွေကို ထုတ်ပေးဖို့ အစိုးရ မရှိသလိုမကြာမီက အမေရိကန်တို့ရဲ့ကယ်ဆယ်ရေး အစီအစဉ် မအောင်မြင်တာကလည်း ဓါးစာခံတွေကို ဘယ်လောက်အ သေအချာ ဖွက်ထားတယ်ဆိုတာ ပြနေကြောင်း ဘီဘီစီကာကွယ်ရေးဆိုင်ရာ သတင်းထောက် ဖရင့်ဂါဒနာက ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ