MH17 ရုပ်အလောင်း ၂၀ မလေးရှား လက်ခံ

  • 22 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption နိုင်ငံတော် အခမ်းအနားနဲ့ လက်ခံ

ယူကရိန်း အရှေ့ပိုင်းမှာ အရင်လက မလေးရှား လေယာဉ် ပျက်ကျမှုမှာ သေဆုံးခဲ့ သူတွေထဲက ခရီးသည် အယောက် ၂၀ ရဲ့ ရုပ်အလောင်း တွေကို ပထမ အသုတ် အနေနဲ့ မလေးရှား အစိုးရက နိုင်ငံတော် အခမ်းအနားနဲ့ လက်ခံခဲ့ပါတယ်။

ယူကရိန်း အရှေ့ခြမ်းက သူပုန် နယ်မြေမှာ MH17 လေယာဉ် ပစ်ချခံခဲ့ရမှုကြောင့် လေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည်နဲ့ လေယာဉ် အမှုထမ်း စုစုပေါင်း ၂၉၈ ဦး သေဆုံးခဲ့ရာမှာ မလေးရှား နိုင်ငံသား ၄၃ ယောက် ပါဝင်ပါတယ်။

အခမ်းအနားမှာ မလေးရှား အလံ ဖုံးအုပ်ထားတဲ့ အခေါင်းတွေကို စစ်သည်တွေက အသုဘ ကားတန်းဆီ တဖြည်းဖြည်း သယ်ဆောင်ကြပြီး သုသာန်တွေဆီ ချဆောင် သင်္ဂြိုဟ် ခဲ့ကြ ပါတယ်။

ရုပ်အလောင်းတွေ ရရှိတဲ့ ဒီနေ့ကို ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ အဖြစ် သတ်မှတ် ကြေညာ ခဲ့ပါတယ်။

ရုပ်အလောင်းတွေ ရရှိရေး အတွက် ရုရှ ဘက်သား သူပုန်တွေနဲ့ စေ့စပ် ညှိနှိုင်း နိုင်ခဲ့ကြောင်း မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇက်က ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ