ဆီးရီးယားမှာ သေဆုံးသူ ၁သိန်း ၉သောင်း ကျော်ပြီ

  • 22 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ပြီးခဲ့တဲ့ နှစ်အတွင်း သေဆုံးသူ ၂ ဆ နီးပါး တိုးလာ

ဆီးရီးယားမှာ ပြည်တွင်းစစ် ဖြစ်ပြီး ၃ နှစ် အတွင်း သေဆုံးသူ ၁ သိန်း ၉ သောင်း ၁ ထောင် ကျော် ရှိသွားပြီလို့ ကုလ သမဂ္ဂက ပြောကြား လိုက်ပါတယ်။

သေဆုံးသူ အရေအတွက်ဟာ ပြီးခဲ့တဲ့ တစ်နှစ် အတွင်းမှာ ၂ ဆ နီးပါး တိုးလာတာလည်း ဖြစ်ပါတယ်။

ဒါဟာ နာမည်၊ နေရပ်နဲ့ သေဆုံးတဲ့ ရက်စွဲ သေချာ သိရတဲ့ စာရင်းကိုသာ ထုတ်ပြန်တာ ဖြစ်လို့ တကယ်တမ်း သေကြေ ပျက်စီးမှုက ဒီထက် အများကြီး ပိုနိုင်ကြောင်း ကုလ သမဂ္ဂ လူ့အခွင့်အရေး ရုံးက ထုတ်ပြန် ခဲ့ပါတယ်။

ဒီကိန်းဂဏန်း တွေဟာ ဘယ်လိုမှ လက်သင့် ခံနိုင်စရာ မရှိကြောင်း ရာထူးက အနားယူတော့မယ့် ကုလ လူ့အခွင့်အရေး မဟာမင်းကြီး မစ္စ နာဗီ ပီလေးက ပြောပါတယ်။

ပဋိပက္ခ ဒေသတွေက လူ့ အသက်တွေ သိန်းနဲ့ချီပြီး ပျက်စီးမှာကို ကာကွယ်ဖို့ ပျက်ကွက် ခဲ့တဲ့ လုံခြုံရေး ကောင်စီ ကိုလည်း မစ္စ နာဗီပီလေးက ပြင်းပြင်းထန်ထန် ဝေဖန် ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ