ထရစ်ပိုလီ လေဆိပ်ကို လက်နက်ကိုင်တွေ သိမ်း

  • 23 ဩဂုတ် 2014
1_tripoli_airport ဓာတ်ပုံ မူပိုင် Reuters
Image caption ထရစ်ပိုလီ လေဆိပ်က လက်နက်ကိုင်တွေ

လစ်ဗျားနိုင်ငံ ထရစ်ပိုလီ မြို့တော် မှာ ရှိတဲ့ နိုင်ငံတကာ လေဆိပ် ကို သိမ်းယူ လိုက်နိုင်ကြ တယ် ဆိုပြီး၊ လက်နက်ကိုင် မဟာမိတ် တပ်ပေါင်းစု အုပ်စု တစ်ခုကနေ ကြေညာ လိုက်ပါတယ်။

ပြိုင်ဘက် လက်နက်ကိုင် အုပ်စုနဲ့ အပြင်းအထန် တိုက်ပွဲ ဖြစ်ခဲ့ အပြီးမှာ၊ အခုလို သိမ်းလိုက်နိုင်တာ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။

လေဆိပ် အဆောက်အဦ ရဲ့ အပြင်ဘက်၊ လေယာဉ်တစ်စင်း ပေါ်၊ အောင်ပွဲခံ နေကြတဲ့၊ သေနတ်ကိုင်တွေ ကို ၊ အင်တာနက်ပေါ် ရောက်လာတဲ့ ဓာတ်ပုံတွေ ထဲမှာ ၊ တွေ့နေရပါ တယ်။

လေဆိပ်ကို သိမ်းယူနိုင်လိုက်တယ် ဆိုတဲ့၊ တပ်ပေါင်းစုဟာ၊ Misrata မြို့ခံ လက်နက်ကိုင်တွေ နဲ့ အစ္စလာမ္မစ် အုပ်စုတို့ ရဲ့ မဟာမိတ် အဖွဲ့ ဖြစ်တယ် လို့ သိရပါတယ်။

လေကြောင်း တိုက်ခိုက်မှုတွေ၊ အလုပ်ခံနေရတဲ့ ကြားထဲက ကို၊ လေဆိပ်ကို သိမ်းလိုက်နိုင်တာ ဆိုပြီး၊ အဲဒီ့ အုပ်စုက ပြောပါတယ်။

လေကြောင်း တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့တော့၊ အီဂျစ်နိုင်ငံနဲ့ အာရပ် စော်ဘွားများ ပြည်ထောင်စု UAE အပေါ်၊ အဲဒီ့အုပ်စု က စွပ်စွဲ ပြစ်တင်ထားပါတယ်။

လစ်ဗျားနိုင်ငံမှာ ၂၀၁၁ ခုနှစ်တုန်းက၊ စစ်အာဏာရှင် ဗိုလ်မှုးကြီး ဂဒါဖီကို ဖြုတ်ချခဲ့တဲ့၊ လက်နက်ကိုင် တော်လှန်ရေး ကနေ၊ ပေါ်ထွန်းလာခဲ့ တဲ့ ပြိုင်ဘက် အုပ်စုတွေ အကြား၊ တိုက်ပွဲတွေ ဖြစ်ပေါ် နေခဲ့တာပါ။

ဒီလို တိုက်ပွဲတွေ ကြောင့်၊ ထရစ်ပိုလီ လေဆိပ် ပိတ်ထားခဲ့ရ တာ တစ်လကျော် ကြာမြင့်နေ ပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ