ရရှကုန်တင်ယာဉ်တန်း လာလမ်းပြန်လှည့်

  • 23 ဩဂုတ် 2014
Image copyright AP

ယူကရိန်း အရှေ့ပိုင်းက လုခ်ဟန့်စ်မြို့ကို ဦးတည် မောင်းနှင်လာတဲ့ ရုရှ ကုန်တင်ယာဉ်တန်းက ကုန်တင်ကား နှစ်ရာနှစ်ဆယ့် ခုနစ်စီးစလုံးဟာ ယူကရိန်း အစိုးရဆီက ဖြတ်သန်းသွားလာခွင့် မရတဲ့အဆုံးမှာ လာရာလမ်းအတိုင်း လှည့်ပြန် မောင်းနှင် နေကြပြီ ဖြစ်ပါတယ်။ အဲဒိလို လှည့်ပြန်ခဲ့ချိန်မှာ အဲ့ဒိကားတွေထဲက သုံးဆယ့် ခုနစ်စီးကိုပဲ စစ်ဆေးရသေးတာ ဖြစ်ပါတယ်။

အခုဆိုရင် ဂျာမနီနိုင်ငံခေါင်းဆောင် အင်ဂျလာ မာကယ်လ်ဟာ ကိယက်ဗ်ကို ရောက်နေပြီး ယူကရိန်းအစိုးရ တာဝန်ရှိသူတွေနဲ့ ဒီကိစ္စ ဘယ်လို ကိုင်တွယ်ရမလဲ ဆွေးနွေးနေပါတယ်။

ယူကရိန်းနိုင်ငံ နယ်မြေအချုပ်အခြာ အာဏာပိုင်ဆိုင်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ ဂျာမန်အစိုးရရဲ့ အရေးကြီးတဲ့ ပေါ်လစီ ဖြစ်ပြီး ယူကရိန်းရဲ့ အချုပ်အခြာ အာဏာနဲ့ ငြိမ်းချမ်းရေးကို အမြန်ဆုံး ထိမ်းသိမ်းဖို့အတွက် ဂျာမနီက လုပ်နိုင်တာတွေကို အကုန် လုပ်သွားမယ်လို့ အင်ဂျလာ မာကယ်လ်က ပြောသွားပါတယ်။

ရုရှက အခုလို ကုန်တင်ကားတွေ စေလွှတ်တာဟာ လူသားချင်း စာနာမှု အကူအညီသက်သက်လို့ ရုရှက ပြောပေမယ့် ဥရောပနဲ့ အမေရိကန်ဖက်ကတော့ နောင်မှာ ဖြစ်လာမယ့် နိုင်ငံရေး စစ်ရေး စွက်ဖက်မှုတွေအတွက် အကဲစမ်းတာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ