ဆန်ဖရန်စ္စကို မြောက်ဘက်မှာ ငလျင်လှုပ်

  • 24 ဩဂုတ် 2014
napa_quake_ Image copyright AP
Image caption နာပါ မြေငလျင်

အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ ဆန်ဖရန်စစ္စကို မြို့ မြောက်ပိုင်း မှာ၊ အနှစ် အစိတ် အတွင်း၊ အင်အား အပြင်းထန် ဆုံး မြေငလျင် လှုပ်ခဲ့ ပြီး၊ အပျက်အစီး ကြီးကြီးမားမား တွေ ဖြစ်ခဲ့တဲ့ နောက်၊ အခုဆို အရေးပေါ် အခြေအနေ ကြေညာ ထားလိုက်ပြီ ဖြစ်ပါတယ်။

အဲဒီ့ မြေငလျင် ကြောင့် လူ ၉၀ ဆယ် လောက် ဒဏ်ရာ ရခဲ့ပြီး၊ တချို့ ဒဏ်ရာ ပြင်းထန် ကြောင်း သိရပါတယ်။

မြေငလျင် ဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ အဆောက်အဦ တွေ အပါအဝင် လမ်း တံတား ထိခိုက်မှုတွေ၊ ရေပိုက်နဲ့ ဓာတ်ငွေ့လိုင်း ပေါက်ထွက် မှုတွေ၊ မီးလောင်မှုတွေ ကို အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေ အနေနဲ့ ရင်ဆိုင် ဖြေရှင်း နေရပါတယ်။

ပြင်းအား ပမာဏ ၆ ရှိတဲ့ အဲဒီ့ မြေငလျင်ဟာ၊ ဆန်ဖရန်စစ္စကို မြို့ မြောက်ပိုင်း၊ ဝိုင်ချက်လုပ်ရာ Napa အရပ်မှာ လှုပ်ခတ်ခဲ့ တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ