ရုရှက စစ်ရေး တိုက်ရိုက် စွက်ဖက်နေပြီလား

  • 28 ဩဂုတ် 2014
ukraine_crisis_
Image caption ယူကရိန်း အကြပ်အတည်း

ယူကရိန်း အရှေ့ဘက်ခြမ်း မှာ၊ ရုရှ လိုလားသူ ခွဲထွက်ရေး လက်နက်ကိုင်တွေ နဲ့ အတူတူ ရုရှစစ်သား တွေပါ ပါဝင်ပြီး ယူကရိန်း အစိုးရတပ်တွေ ကို တိုက်ခိုက်နေကြ တာ ဖြစ်တယ် ဆိုပြီး ခွဲထွက်ရေး ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ Alexander Zakharchenko က ပြောလိုက်ပါ တယ်။

ရုရှားစစ်တပ်က အငြိမ်းစား ယူထားသူတွေ၊ ခွင့်ယူထားသူတွေ ၃ ထောင် ကနေ ၄ ထောင်လောက် အထိ သူတို့ဘက် ကနေ ဝင်တိုက် ပေးနေတယ် လို့ မစ္စတာ Zakharchenko က ဆိုပါတယ်။

ယူကရိန်း ပဋိပက္ခ အတွင်း ရုရှားရဲ့ စစ်ရေးအရ တိုက်ရိုက် စွက်ဖက်မှုတွေ ရှိနေတယ် ဆိုပြီး ယူကရိန်း ဆိုင်ရာ အမေရိကန် သံအမတ် Geoffrey Pyatt က စွပ်စွဲလိုက် တဲ့ အချိန်မှာပဲ ခွဲထွက်ရေး ခေါင်းဆောင် မစ္စတာ Zakharchenko ရဲ့ အခုလို ပြောဆိုမှု၊ ထွက်ပေါ်လာ တာ ဖြစ်ပါတယ်။

ယူကရိန်း အရေးမှာ ရုရှ က စစ်ရေးအရ တိုက်ရိုက် စွက်ဖက်နေတယ် ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး၊ ဥရောပ လုံခြုံရေးဆိုင်ရာ အဖွဲ့ OSCE က အရေးပေါ် အစည်းဝေး ခေါ်ယူ ဆွေးနွေးနေကြပါတယ်။

တခါ၊ ယူကရိန်း သမ္မတ Petro Poroshenko ကလည်း ဒီ အရေးအတွက် ပဲ အမျိုးသား လုံခြုံရေး ကောင်စီ အရေးပေါ် ညီလာခံ ခေါ်ယူနိုင်ဖို့ အတွက် သူ့ရဲ့ တူရကီ ခရီးစဉ် ကို ဖျက်သိမ်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီ အတွင်း၊ အိုင်းဇော့ဗ် ပင်လယ် ကမ်းရိုးတန်း တလျှောက်က ယူကရိန်း မြို့ တချို့ကို ယူကရိန်း အစိုးရ အနေနဲ့ လက်လွှတ် ခဲ့ရတာမှာ၊ အဆိုပါ မြို့တွေကို သိမ်းယူလိုက်တဲ့ လက်နက်ကိုင်တွေဟာ ရုရှ တပ်တွေ ဖြစ်တယ် ဆိုပြီး၊ ယူကရိန်း အစိုးရ က ယူဆနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ