ရုပ်ရှင် ထဲက တံတားကို ပြန်ဆောက်မယ်

  • 29 ဩဂုတ် 2014
kwai
Image caption ထိုင်းနယ်စပ်က တကယ့် ကွေးမြစ်တံတား

၁၉၅၇ ခုနှစ် က ရိုက်ကူး ခဲ့တဲ့ ကမ္ဘာကျော် ကွေးမြစ် ပေါ်က တံတား ရုပ်ရှင် ရိုက်ကူးရာမှာ အသုံး ပြုခဲ့တဲ့ တံတားကို ပြန်ပြီး တည်ဆောက် ဖို့ အစီအစဉ် ကို ကြေညာ လိုက်ပါပြီ။

သေမင်းတမန် ရထားလမ်းလို့ နာမည်ကြီးတဲ့ ထိုင်း မြန်မာ နယ်စပ်က ရထားလမ်း အတွက် တံတား ဆောက်ဖို့ ဂျပန် ချွေးတပ် ဆွဲခံခဲ့ရတဲ့ ဗြိတိသျှ စစ်အကျဉ်းသား တွေ အကြောင်း ရိုက်ကူး တဲ့ ဇာတ်ကား ဖြစ်ပါတယ်။

ဒီဇာတ်ကား ကို သီရိလင်္ကာ နိုင်ငံ မှာ ရိုက်ကူး ခဲ့တာ ဖြစ်ပါတယ်။

ရုပ်ရှင် ထဲမှာ ဖောက်ခွဲ ဖျက်ဆီး ခဲ့တဲ့ တံတား နေရာ မှာ ပုံစံတူ အစားထိုး ဆောက်သွား မယ် လို့ သိရ ပါတယ်။

ဒီတံတားကြောင့် ကမ္ဘာလှည့် ခရီးသွားတွေ လာကြ လိမ့်မယ် လို့ သီရိလင်္ကာ အာဏာပိုင် တွေက မျှော်လင့် ပါတယ်။

နောက်ပြီး ဒေသထဲမှာ တည်ဆောက် မယ့် ရေအား လျှပ်စစ် စီမံကိန်း သစ်ကြီး ကြောင့် ရေစီးသန်တဲ့ မြစ်ကြောင်းမှာ ခရီးသွားတွေ ဖောင်စီးတဲ့ လုပ်ငန်း ပျက်စီး မှာကို စိုးရိမ် ပူပန် နေကြတဲ့ ဒေသခံ တွေကို ချွေးသိပ် ချင်တာ ကလဲ တကြောင်း ပါပါတယ်။

နောက် ၂ နှစ် အတွင်း တံတားကို အပြီး ဆောက်သွားဖို့ မျှော်လင့် ကြောင်းလဲ သီရိလင်္ကာ အာဏာပိုင် တွေက ပြောကြား ခဲ့ပါတယ်။