ယူကရိန်းက နေတိုးဝင် ဖြစ်ဖို့ ကြိုးစားမယ်

  • 29 ဩဂုတ် 2014
_ua_yatsenyuk_ ဓာတ်ပုံ မူပိုင် Reuters
Image caption ယူကရိန်း ဝန်ကြီးချူပ် အာဆေးနီ ယက်ဆင်ညု

ယူကရိန်း နိုင်ငံ အနေနဲ့၊ နေတိုး အဖွဲ့ဝင် နိုင်ငံ ဖြစ်လာဖို့ လျှောက်ထားခွင့် ကို၊ ယူကရိန်း အစိုးရ က၊ ပါလီမန် ထံ တောင်းခံ သွားမယ် ဆိုပြီး ယူကရိန်း ဝန်ကြီးချူပ် Arseny Yatseniuk က၊ ပြောလိုက်ပါတယ်။

ဒီ ဆုံးဖြတ်ချက် ကို မစ္စတာ Yatseniuk က အစိုးရ ကက်ဘိနက် အစည်းအဝေး မှာ ကြေညာ လိုက်တာပါ။

အမျိုးသား လုံခြုံရေး နဲ့ ကာကွယ်ရေး ကောင်စီက ချမှတ်လိုက် တဲ့ ဆုံးဖြတ်ချက် နဲ့အညီ ယူကရိန်း နိုင်ငံ အနေနဲ့ စစ်ရေးအရ ဘက်မလိုက်ရေး မူကို ပယ်ဖျက်ပြီး၊ နေတိုး အဖွဲ့ဝင် ဖြစ်လာဖို့ ကြိုးစားမယ့် ဥပဒေကြမ်းကို၊ ပါလီမန်ဆီ တင်သွင်းမှာ ဖြစ်တယ် လို့ မစ္စတာ Yatseniuk က ပြောပါတယ်။

ယူကရိန်းရဲ့ အဓိက နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ မျှော်မှန်းချက် အနေနဲ့တော့ ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ဝင် နိုင်ငံ ဖြစ်လာရေး ကို ဆက်လက် ကိုင်စွဲမယ့် အကြောင်းလည်း မစ္စတာ Yatseniuk က ဆိုပါတယ်။

ယူကရိန်း အရှေ့ခြမ်း ပြဿနာ အတွက်၊ နေတိုး အဖွဲ့က အရေးပေါ် အစည်းအဝေး ခေါ်ယူထားပါတယ်။

ဒီ အချိန်မှာပဲ၊ ရုရှ သမ္မတ Vladimir Putin က၊ ယူကရိန်း အရှေ့ခြမ်းမှာ အစိုးရ စစ်တပ် ကျူးလွန်နေပုံဟာ၊ ဒုတိယ ကမ္ဘာစစ် အတွင်း၊ လီနင်ဂရက် မြို့ကို ဝန်းရံ ပိတ်ဆို့ခဲ့တဲ့ နာဇီတပ်တွေ ကို၊ အမှတ် ရစေတယ် ဆိုပြီး ပြောလိုက်ပါ တယ်။

ရုရှား နိုင်ငံ အနောက်ပိုင်း၊ အစိုးရကို ထောက်ခံတဲ့ လူငယ်အင်အားစုနဲ့ တွေ့ဆုံပွဲ မှာ မစ္စတာ ပူတင်က အခုလို ပြောခဲ့တာ ဖြစ်ပြီး၊ ယူကရိန်း အရှေ့ခြမ်း အကြပ်အတည်း ဟာ၊ ဝမ်းနည်းဖွယ် ကောင်းကြောင်းနဲ့ အဆုံးသတ်ရ မှာ ဖြစ်ကြောင်းလည်း ပြောခဲ့ပါ တယ်။

ဒါပေမယ့်၊ နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့ ကတော့၊ ရုရှ လိုလားသူ ခွဲထွက်ရေး တပ်တွေ၊ ယူကရိန်း အရှေ့ခြမ်း ဒေသမှာ ကျုးလွန်ခဲ့တဲ့၊ လူ့ အခွင့်အရေး ဖောက်ဖျက် ကျူးလွန်မှု အထောက်အထား တွေ ဆိုပြီး၊ ထုတ်ပြန် လိုက်ပါတယ်။

Donetsk နဲ့ Luhansk နယ်တွေ မှာ၊ ခွဲထွက်ရေး သူပုန်တွေဟာ သတင်းသမားတွေ၊ ယူကရိန်း လိုလားသူတွေ၊ Orthodox ခရစ်ယန် မဟုတ်တဲ့ ဘာသာရေး ခေါင်းဆောင်တွေ အပါအဝင်၊ ရာနဲ့ချီတဲ့ အရပ်သားတွေ ကို ဖမ်းဆီး နှိပ်စက်ခဲ့တယ် လို့၊ အဲဒီ့ အဖွဲ့က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ