ရုရှားကို ပိတ်ဆို့မှုလုပ်ဖို့ EU စဉ်းစား

  • 31 ဩဂုတ် 2014
_tusk_van_rompuy_mogherin ဓာတ်ပုံ မူပိုင် Reuters
Image caption အီယူး ကောင်စီရဲ့ ဥက္ကဌ ဖြစ်လာမယ့် ပိုလန် ဝန်ကြီးချူပ် ဒေါ်နယ် တုစ်ခ်

ယူကရိန်း နိုင်ငံ အရှေ့ဘက်ခြမ်း ပဋိပက္ခ ထဲမှာ ရုရှားက စွက်ဖက်မှု တွေ လုပ်ဆောင်ခဲ့တဲ့ အတွက်၊ ရုရှား အပေါ် အရေးယူ ပိတ်ဆို့ ကန့်သတ်မှု အသစ်တွေ လုပ်ဆောင်ဖို့ ရာ၊ ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ရဲ့ ခေါင်းဆောင်တွေ ပြင်ဆင်နေတယ် ဆိုပြီး၊ ယူကရိန်း သမ္မတ ပက်ထရို ပိုရို ရှဲန်ကို က ပြောလိုက်ပါ တယ်။

အီးယူ ခေါင်းဆောင်တွေ နဲ့ ဘရပ်ဆဲလ်မြို့ မှာ တွေ့ ဆုံခဲ့ အပြီး၊ မစ္စတာ ပိုရိုရှဲန်ကို က၊ အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ဘယ်လို အရေးယူမှုတွေ ဖြစ်လာမလဲ ဆိုတာကတော့၊ မနက်ဖြန် ဘေလာရုစ်ရဲ့ မြို့တော် Minsk မှာ အီးယူ အဖွဲ့နဲ့ ရုရှ ကိုယ်စားလှယ်တွေ တွေ့ဆုံကြမယ့် အစည်းအဝေး ကနေ၊ ထွက်ပေါ်လာမယ့် ရလာဒ်တွေ အပေါ် မူတည် နေတယ်လို့ လည်း၊ မစ္စတာ ပိုရိုရှဲန်ကို က ဆိုပါတယ်။

အခုလို ယူကရိန်း အရေးနဲ့ ပတ်သက်ပြီး၊ ရုရှ အပေါ် အရေးယူမှု အသစ် တွေ၊ ချမှတ်မလား ဆိုတာကို ဆွေးနွေးနေတယ် ဆိုတဲ့ ကြေညာချက်နဲ့ အတူ၊ အီးယူ အဖွဲ့ရဲ့ ခေါင်းဆောင်နေရာ တွေမှာ တာဝန် ယူလာကြမယ့်၊ လူသစ်တွေ ရဲ့ အမည်ကို လည်း၊ ထုတ်ဖော် ကြေညာခဲ့ပါတယ်။

ဥရောပ ကောင်စီ ရဲ့ ဥက္ကဌ အဖြစ်၊ လက်ရှိ ဘယ်လ်ဂျီယမ် ဝန်ကြီးချူပ်ဟောင်း ဟယ်မန် ဗန် ရုပွိုင် ရဲ့ နေရာမှာ ပိုလန် ဝန်ကြီးချူပ် ဒေါ်နယ်လ် တုစ်ခ် ကို အစားထိုး ခန့်အပ်ဖို့ ဥရောပ သမဂ္ဂ အဖွဲ့ အီးယူ က ရွေးချယ် လိုက်ပါတယ်။

နိုင်ငံခြားရေးရာ မူဝါဒပိုင်း ဆိုင်ရာ အကြီးအကဲ နေရာမှာတော့၊ ဗြိတိန်က ကက်သရင်း အက်ရှ်တန် နေရာမှာ အီတလီ ရဲ့ လက်ရှိ နိုင်ငံခြားရေး ဝန်ကြီး ဖရက်ဒရီကာ မော့ဂ်ဂါရီးနေး ဖြစ်လာ ပါလိမ့်မယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ