Amerli မြို့ကို အီရတ် တပ်ပေါင်းစု သိမ်း

  • 31 ဩဂုတ် 2014
amerli_iraq_ ဓာတ်ပုံ မူပိုင် AFP
Image caption Amerli မြို့ တိုက်ပွဲ

အီရတ်နိုင်ငံ မြောက်ပိုင်း အာမီးလီ မြို့ထဲကို အီရတ် အစိုးရတပ် အပါအဝင် ရှီအာ လက်နက်ကိုင် တွေနဲ့ ကာ့ဒ်ဒစ်ရှ် ပက်ရှ်မဲဂါး တပ်ပေါင်းစု တွေ၊ ဝင်ရောက် သွား နိုင်ပြီ ဖြစ်ပါတယ်။

အာမီးလီ မြို့ မှာ ရှိကြတဲ့ ရှီအာ ဘာသာဝင် တာ့ခ်မင် လူနည်းစုဝင်တွေ ဟာ အစ္စလာမ်မစ် နိုင်ငံ အစွန်းရောက် သူပုန်တွေ ရဲ့ ဝန်းရံ ပိတ်ဆို့မှုကို ၂ လ ကျော် ခံခဲ့ကြရတာ ပါ။

အာမီးလီ မြို့ ကို အီရတ် တပ်ပေါင်းစု တွေ၊ ထိန်းချူပ်နိုင် ဖို့ စစ်ဆင်ရာမှာ အမေရိကန် နဲ့ အီရတ် အစိုးရ လေယာဉ်တွေ က လေကြောင်း ပစ်ကူတွေ ပေးခဲ့ပါတယ်။

ဒါ့အပြင်၊ မိုဆိုးလ်မြို့ အနီး မဟာဗျူဟာမြောက် အရေးပါတဲ့ ရေလှောင်ဆည်ကြီး တဝိုက်မှာ ရှိတဲ့ အစ္စလာမ်မစ် နိုင်ငံ တပ်ဖွဲ့ဝင်တွေ ကို အမေရိကန်တို့က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက် ပြုလုပ်ခဲ့ပါ တယ်။

အနောက်ပိုင်း ပြည်နယ် အဲန်ဘာ မှာတော့၊ အဆိုပါ အစွန်းရောက် အဖွဲ့က အသေခံ ဗုံး၂ လုံး ခွဲခဲ့တဲ့ အတွက်၊ ရာမာဒီ မြို့မှာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ရပါတယ်။ ခွဲခဲ့တဲ့ အထဲက ဗုံးတစ်လုံးကတော့ အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင် တို့ အခြေစိုက်ရာ အဆောက်အဦ ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ