ယူကရိန်း ကိစ္စ ဆွေးနွေးဖို့ ရုရှား တောင်းဆို

  • 31 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် AP
Image caption ယူကရိန်း အရှေ့ပိုင်းက ပြည်သူတွေ အလို ရှိတဲ့ အကျိုး စီးပွား ပုံစံ အတိုင်း အကာ အကွယ် ပေးရမယ် လို့ပြော

အရှေ့ ယူကရိန်း ဒေသမှာ ပြည်နယ် ကိစ္စနဲ့ ပတ်သက်ပြီး ချက်ခြင်း ဆွေးနွေး မှုတွေ လုပ်ဖို့ ရုရှား သမ္မတ ပူတင် က တောင်းဆို လိုက်ပါ တယ်။

နောက်ပြီး ယူကရိန်း အရှေ့ပိုင်းက ပြည်သူတွေ အတွက် ဥပဒေနဲ့ ညီတဲ့ သူတို့ အလို ရှိတဲ့ အကျိုး စီးပွား ပုံစံ အတိုင်း အကာ အကွယ် ပေးရမယ် လို့လည်း မစ္စတာ ပူတင်က ပြောကြား သွားပါတယ်။

ဒါဟာ ယူကရိန်း အရှေ့ပိုင်း ပဋိပက္ခ တွေ အဆုံးသတ် ရေး အတွက် စေ့စပ် ညှိနှိုင်းရေး တစိတ် တပိုင်း အနေနဲ့ အခုလို တောင်းဆို လိုက်တာ လည်း ဖြစ်ပါ တယ်။

ဘီဘီစီ သတင်းထောက် ကတော့ ဒါဟာ ယူကရိန်း အစိုးရ အနေနဲ့ ရုရှား လိုလားသူ သူပုန်တွေနဲ့ တိုက်ရိုက် ငြိမ်းချမ်းရေး ဆွေးနွေး မှုတွေ လုပ်ဖို့ မော်စကို ကနေ ကီယက်ကို ဖိအား ပိုတိုး လာနေတဲ့ လက္ခဏာ ဖြစ်တယ်လို့ သုံးသပ် ပါတယ်။

ဒီဆွေးနွေး မှုတွေ ဖြစ်လာ ဖို့ကို ရုရှား ကနေ စိတ်အား ထက်သန် နေတာလည်း ဖြစ်ပါတယ်။

ယူကရိန်း အကျပ် အတည်း အတွက် ယူကရိန်း ရုရှားနဲ့ ဥရောပ သမဂ္ဂ တို့ အကြား ဘီလာရုစ် နိုင်ငံ မြို့တော် မင့်စ်ခ်မှာ တနင်္လာနေ့ ဆွေနွေး မှုတွေ လုပ်ဖို့လည်း ရှိနေ တာပါ။

အခုလို သုံးပွင့်ဆိုင် ဆွေးနွေးဖို့ ဖြစ်လာ ရတာဟာ၊ ယူကရိန်း အရှေ့ ဘက်ပိုင်း ဒေသမှာ နောက်ပြန် လှည့်လို့ မရတဲ့ အခြေ အနေမျိုး ဖြစ်ဖို့ နီးလာ နေပြီလို့ အီးယူ နဲ့ ယူကရိန်း တို့က သတိပေး ပြောကြား ခဲ့တာကြောင့် ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ